တယုတယ ဒဏ်ရာ
Ever Negative & G 3 (Feat:Oakgar)
Oakgar (Cho) : ( တူ .. တူ .. တူး .. တူ .. တူ့ .. တူ .. ဒဏ်ရာတွေသာ မင်းချန်ခဲ့ ...
တူ .. တူ .. တူး .. တူ .. တူ့ .. တူ .. ငါလေ ဘယ်လိုရှေ့ဆက်မလဲ .. ) x 2
James (Rap 1) : လောကက မျက်နှာများ ကံကြမ္မာလှည့်စားတယ် ... သူချစ်တယ်ပြောပြီး သတ်ပုံမှားတော့ .. ဒီရင်အစုံကြေမွကွဲ .. နှလုံးသား မြေခတယ် .. အလွမ်းတွေ ဖုံထတယ် .. သူ့အနမ်းတွေ ခပ်စိမ်းစိမ်းပဲ ငါနဲ့မခေါ်သလိုနေကြတယ် .. မဆိုင်တော့ဘူးလား .. (ပြော) .. မင်းစိတ်က ငါ့အပေါ် ဘယ်လိုပဲ နှဲ့နှဲ့ မယိုင်တော့ဘူးလား ..အလွမ်းစိတ်တောင်မပိုင်တော့သူပါ .. ငါက (ငါက). မင်းမရှိရင်မဖြစ်တဲ့စိတ်နဲ့ တစ်ခါမက .. နှစိခါမက .. ရင်ဘတ်ထဲ အနာတရ ..
Yair Yint Ko (Rap 2) : မချစ်ဖူးလို့ အလူးအလဲ.. ငါ့ အချစ်ဦးမို့ ရူးသတဲ့ .. သတိရမိတဲ့ တိုက်ဆိုင်ချိန်တိုင်း ဒီ့ရင်ကိုလာလာစူးခဲ့ ..တယုတယနဲ့ မျှော်လင့်ခြင်းတွေ မဟုတ်ဘူးဒါက သူ့အဖို့ .. ဖြစ်နိုင်ရင် နင့်လက်ကိုဆွဲ .. ကမ္ဘာတဖက်ကို ကူးမလို့ . အံကြိတ်က ငိုလဲ ကွဲထွက်လာတဲ့ အသံတို့ .. အိမ်မက်ထဲကဆွဲထုတ်လို့မရတော့တဲ့ သူ့မှတ်ဥာဏ်တချို့ .. ခြေမွ . သုံးစားလို့မရသည့် နောက်ဆုံးကျကွဲကာ ဟက်တက် .. ဖြစ်နိုင်ရင်ငါ မေ့လိုက်ချင်တယ် တစ်သက်လုံးအတွက် ...
Oakgar (Pre 1) : အတူလျှောက်ဖူးတဲ့ လမ်းများလည်း .... Ah !! Hah Hah Hah !! ..
ခုတော့ ငါ့မှာတစ်ယောက်တည်း အားငယ် ... Ah !! Hah Hah Hah !!
မင်းထားခဲ့တဲ့ အရှုံးဘ၀ကြီးထဲ ... ရှင်သန်နေတာ ဘာထူးမှာလဲ .. မင်းမသိလို့ တစ်နေ့နေ့ပြန်နီးဖို့ ... ငါ့ရဲ့ဆုတောင်းသံတွေ ...
Oakgar (Cho) : ( တူ .. တူ .. တူး .. တူ .. တူ့ .. တူ .. ဒဏ်ရာတွေသာ မင်းချန်ခဲ့ ...
တူ .. တူ .. တူး .. တူ .. တူ့ .. တူ .. ငါလေ ဘယ်လိုရှေ့ဆက်မလဲ .. ) x 2
Thar Xoe (Rap 3) : ဘယ်လိုရှေ့ဆက်မလဲ ..မတွေးတတ်ခဲ့ .. နင်မရှိမယ့်နေ့ရက်ထဲ .. တစ်ယောက်တည်းသွေးပျက်လဲပြို .. အဲလိုပဲမို့ .. နင့်ရဲ့အငွေ့အသက်နဲ့ ..ပွေ့ဖက်ခဲ့တဲ့ဘ၀ .. ငါရဲ့အနွေးဓါတ်ပဲ .. လွမ်းတယ် .. မင်းမရှိတဲ့ည ပိုချမ်းတယ် .. ညှို့နှုတ်ခမ်းနဲ့ .. အရင်လိုဆိုစမ်းကွယ် .. အခုတော့ ..
ကျုပ်မှာ မူးမော .. ထိုလမ်းထဲ .. လမ်းလျှောက်အသည်းကွဲ .. ကိုယ်တခြမ်းပဲ့ ..
Nay Myo (Rap 4) : မေ့လောက်ပြီဆို ဖုန်းဆက် .. ဒီရင်ကိုလာဗုံးခွဲ .. မမုန်းရက် .. သူပျော်ဖို့အတွက် အနားနားကနေ ရုန်းထွက် .. ငါရှုံးတယ် .. ဆိုတာထက်ပို အကြိမ်ကြိမ်အခါခါ ရှုံးလဲ .. အမှတ်မရှိ သူ့အပြုံးအမြဲငါ ပြန်လိုချင်နေတုန်းပဲ .သူမှသူ ဖြစ်နေဖို့အရေး ဂါထာတွေနဲ့ မန်းမှုတ် .. ကျိန်စာတိုက်ပြီး ဖမ်းချုပ် ..ကိုနေမျိုးလို မနူးမနပ်အတွက် .. သူမျက်လှည့်တွေဆန်းလို့ .. ရန်ဖြစ်ထားတဲ့ အနမ်းတချို့ ..
မျက်နှာများတဲ့ နှုတ်ခမ်းတို့လဲ အရှက်မရှိတဲ့ငါ လွမ်းလို့ ........
Oakgar (Pre 2) : မင်းအနားရှိတဲ့ သူတစ်ယောက်ပါ ... Ah !! Hah Hah Hah !! ..
ပျော်မြူးခဲ့မင်းနဲ့ အချိန်တွေ မေ့မရ ... Ah !! Hah Hah Hah !!
အပြောင်းအလဲများတဲ့ လောကကြီးထဲ..ဒဏ်ရာတွေနဲ့လူးလှိမ့်ဆဲ..မင်းပေးသွားမင်းအနမ်းများက ... ဒဏ်ရာတွေသာပြင်းထန်ခဲ့ ..

Download with Mediafire

0 comments:
Post a Comment
Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်