This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sep 30, 2012

Gunman Style

Gunman Style MP.4 Download(နားမထောင်ရသေးသူများအတွက်ပါ)
Download with Minus

The Story IS Over(G3)

ယောက္ခမ(Funny Songs)

ဖြည့်ဆည်းသူ( Rap Gun,Yan Ng Feat နီနီခင်ဇော် )

Download withDownload with minus Song Name ဖြည့်ဆည်းသူ( Rap Gun,Yan Ng Feat Ni Ni Khin Zaw ) Vocal Rap Gun,Yan Ng Feat Ni Ni Khin Zaw Produce Rap Gun Studio N.C.E

Sep 29, 2012

SZ ဖြစ်ချင်ရာဖြစ်

မနက်ဖြန် SZ ရဲ့ "ဖြစ်ချင်ရင်ဖြစ်အောင်လုပ်" အခွေထွက်ပြီနော် ! အောရီဂျင်နယ် အားပေးဖို့တိုက်တွန်းချင်ပါတယ် ;'D

"FLAG CLIQUE DOE" (Mixtape) - Down 'N' Dirty

DownLoad With MediaFire

ဘ၀မှာ ဂီတ အချစ်ထက် ပိုအရေးကြီးတယ်(မိစန္ဒီ)

ပွင့်ပွင့် လင်းလင်းနဲ့ အရာရာကို စူးစမ်း လေ့လာ ချင်ကြတာ လူငယ် တွေရဲ့စိတ်ကူးပါ။ ကိုယ့်ရင်ထဲက ဆန္ဒကို မမျိုသိပ် ထားဘဲ ဖွင့်ချပြီး စိတ်ကူးတွေကို အကောင်အထည် ဖော်ရာမှာ ဓားတောင်ကိုပဲ ကျော်ရမလား၊ မီးပင်လယ်ကိုပဲ ဖြတ်ရမလား ဆိုတာ သူတို့အရွယ် တွေပါပဲ။ မိစန္ဒီဆိုတဲ့ ကောင်မလေးကလည်း လူငယ်ပီပီ ကိုယ့်ရဲ့ ၀ါသနာကို မရအရ အကောင်အထည် ဖော်ခဲ့သူပါ။ ၀ါသနာ ပါလှတဲ့ ဂီတကို မိဘတွေ မသိအောင် ကြိုးစား လုပ်ဆောင်ရင်း ပရိသတ် သိအောင် လုပ်ပြ နိုင်ခဲ့သလို နောက်ဆုံးမှာတော့ သူမရဲ့ပြင်းထန်လှတဲ့ စိတ်ဆန္ဒကို မိဘတွေက အသိအမှတ် ပြုခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကစပြီး ဘိုဘို အင်တာတိန်းမန့်ရဲ့ဖျော်ဖြေပွဲတွေမှာ ပါဝင် သီဆိုရင်း အတွဲ တေးစီးရီးကို စခဲ့တဲ့ မိစန္ဒီက အခုဆိုရင် မိုနို ပိုလီ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထုတ်နိုင်ခဲ့ပါပြီ။ မိစန္ဒီက မိုနိုပိုလီကို ဗီစီဒီ အဖြစ် ထပ်မံ ထုတ်ဝေနိုင်အောင် ဆက်လက် ကြိုးစား နေတာပါ။ အရာရာတိုင်းမှာ ကိုယ်တိုင် လုပ်ရမှ ကျေနပ်တဲ့ မိစန္ဒီက သူ့ရဲ့ဗီစီဒီ အတွက်လည်း အရာရာမှာ ပါဝင် ကြိုးစား နေပါတယ်။ “ညီမက အတွဲခွေတုန်းကဆို ကိုယ်တိုင် ဒါရိုက်တာ လုပ်တာ။ ပထမဆုံး ရိုက်တုန်းကဆို တော်တော် မကောင်းဘူး။ နောက်ပိုင်းတော့ ရိုက်ရင်းနဲ့ ကောင်းလာတယ်။ MTV တွေ များများကြည့်တယ်။ ညီမက သီချင်းကို အဓိက ၀ါသနာကြီးပြီး ဒါရိုက်တာပိုင်းကို စိတ်ဝင်စားတယ်။ သူများ ရိုက်ကွင်းတွေကို ထမင်းမေ့ ဟင်းမေ့ သွားကြည့်ဖြစ်တာ။ ဒါရိုက်တာ အလုပ်ကို သရုပ်ဆောင် ရတာထက် ပိုစိတ်ဝင်စားတယ်”ဆိုတဲ့ မိစန္ဒီနဲ့ မိုနိုပိုလီ ဗီစီဒီ ရိုက်ကူးမှု အကြောင်းတွေ ပြောဖြစ်ခဲ့ကြပါတယ်။ ပရိသတ် စိတ်ဝင်စားမဲ့ မိစန္ဒီရဲ့တခြား အနုပညာ အကြောင်းတွေကိုလည်း မိစန္ဒီက သူမရဲ့ပရိသတ် အတွက် ခုလို ပြောပြခဲ့ပါတယ်။ ကိုယ့်ရဲ့ ဗီစီဒီ ဆန်းပြားဖို့ အတွက် ဒါရိုက်တာ ရွေးချယ်တဲ့ စိတ်ကူးလေးကို ပြောပါဦး။ ဒါရိုက်တာ အကြီးကြီးတွေ ဆိုတာထက် ညီမတို့နဲ့လည်း လုပ်ရကိုင်ရတာ အရမ်းကို အဆင်ပြေမယ်။ အခု လက်ရှိမှာလည်း လက်စောင်း ထက်နေတဲ့ ဒါရိုက်တာမျိုးပေါ့။ ဥပမာပြောရရင် ကိုဝင်းလွင်ထက်တို့ ကိုအောင်မြတ်တို့ပေါ့။ ဒါရိုက်တာ အကြီးကြီးတွေကျတော့ သူတို့မှာ အချိန် ဆိုတာ ရှိသေးတယ်။ သူတို့ကို စောင့်ရမယ်ဆိုရင်လည်း ကိုယ့်မှာက ကိုယ်ထွက်ချင်တဲ့ အချိန်ရှိတယ်။ ကိုယ်အားတဲ့ အချိန်ဆိုတာရှိတယ်။ အဲဒီနှစ်ခုကို ညှိရတာ သိပ်မဆင်မပြေဘူးပေါ့နော်။ အဲဒီလိုဆိုတော့ ကိုယ်နဲ့လည်း အဆင်ပြေမယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောလို့ရမယ်။ ဥပမာ သီချင်းတစ်ပုဒ်ကို ၈ သိန်းနဲ့ရအောင် ရိုက်ပေးပါ ဆိုရင် သူတို့ကလည်း သေချာ ချင့်ချိန်စဉ်းစားပေးမယ်။ ရိုက်နေရင်းနဲ့ ကုန်ကျစရိတ်တွေ တက်လာပြီဆိုရင် ဒါလေးကို ဒီလို ဖြုတ်ရမလား။ ဟိုလို လုပ်ရမလား ပြောလို့ရတယ်။ ဒါရိုက်တာ၊ ရှုတင် မန်နေဂျာ၊ ကင်မရာမင်း၊ ညီမတို့ ပေါင်းစဉ်းစားကြတာပေါ့။ Creation ပိုင်းလည်း အဲဒီလိုပဲ။ အခုနောက်ပိုင်း အဆိုတော်တွေက ဒါရိုက်တာတွေကို ပုံအပ်တာမျိုး မလုပ်ဘူး။ သူများတော့ မသိဘူး။ ညီမကတော့ မလုပ်ဘူး။ ကိုယ်လိုချင်တာ ကို သေချာပြတယ်။ နိုင်ငံခြား MTV ထဲက တစ်ကွက်စနှစ် ကွက်စကို ဒီလိုပုံစံ အတိုင်း မဟုတ်ပေမဲ့ ဒီလို ကာလာမျိုး နဲ့ရိုက်ချင်တယ် စသဖြင့် တိုင်ပင်ပြီး Story Board တွေ ဆွဲတယ်။ ဒီတော့ သမီးတို့ အတွက် အချိန်တွေလည်း မကုန်တော့ဘူး။ ကတ်တွေလည်း မပိုတော့ဘူး။ တစ်ခါ တလေလည်း ရှိပါတယ်။ ရိုက်ကွင်းရောက်တဲ့ အထိ အဆိုတော်က ဘာမှန်း မသိဘူး။ ဒါရိုက်တာ ပြောမှ ဘယ်လို လုပ်ထားတယ်ဆိုတာ သိတယ်။ ညီမကတော့ မဟုတ်ဘူး။ ညီမ လိုချင်တာ သူတို့ကို ပြောတယ်။ သူတို့ ကလည်း ညီမကို သူတို့ စဉ်းစားထားတာတွေ ပြတယ်။ အဲလို ရိုက်ကြတော့ သီချင်းက ကိုယ်လိုချင်တဲ့ အတိုင်း ထွက်တယ်။ ကိုယ့်ဗီစီဒီပဲဟာကို သူများချည်းပဲ ဖန်တီးလို့တော့ ဘယ်အဆင် ပြေပါ့မလဲ။ ကိုယ်ပိုင် တစ်ကိုယ်တော်ခွေမှာ ကိုယ်တိုင် သရုပ်ဆောင်၊ ကိုယ်တိုင် ဒါရိုက်တာ လုပ်လာကြတယ်။ သီချင်း MTV အတွက် ဒါရိုက်တာ တစ်ယောက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ မိစန္ဒီရဲ့အမြင် ဘယ်လိုရှိလဲ။ အရမ်း အရေးကြီးပါ တယ်။ သူက King of the MTV တစ်ခုလုံးပေါ့။ ဒါရိုက် တာက ကိုယ့်ဘက်ကို မငဲ့ဘူး ဆိုရင် ကုန်ကျစရိတ်ကို သူ ထည့်ချင်သလောက် ထည့်တော့မှာ။ ကောင်းဖို့အတွက် သူ ကြိုက်သလောက် သုံးမှာပဲ။ ဒါရိုက်တာ တစ်ယောက်က ပညာရည် မပြည့်ဝဘူး ဆိုရင်လည်း ပိုက်ဆံဘယ် လောက်ကုန်ကုန် သီချင်းကြီးက ကောင်းချင်မှ ကောင်းမှာပဲ။ သူက MTV တစ်ခုလုံး စာမှာ ရိုက်ကူးရေး အဖွဲ့ သားတွေကို Management လုပ်နိုင်တဲ့ဟာ ရှိတယ်။ မလုပ်နိုင်တာ ရှိတယ်။ တချို့ ရိုက်ကူးရေးအဖွဲ့သား တွေဆို အချောင်တွေ ခိုလို့၊ တချို့ကျတော့လည်း ရိုက်ကူးရေး အဖွဲ့သားတွေကိုပဲ ပိတ်ဟောက်နေ တော့ လုပ်ကြတာ စိတ်မပါ၊ စေတနာ မပါကြတော့ပြန် ဘူး။ ပြီးတော့ အဆိုတော်နဲ့ အပြန်အလှန်လေးစားမှုရှိတဲ့ သူလည်း ဖြစ်ရမှာပေါ့။ ပြီးတော့ ညီမတို့ လိုချင်တာက တခြား သူတို့လုပ်တာ တခြား။ Communication ကလည်း အရမ်း လွဲနေတယ်။ အဲဒါမျိုး တွေ မဖြစ်ရဘူးလေ။ ကိုဝင်း လွင်ထက်တို့ ကိုအောင်မြတ် တို့ဆို ပြောလိုက်တာနဲ့ နားလည်တယ်။ ဒါရိုက်တာက MTV မှာ ညီမ အထင်ပေါ့ နော်။ ၁၀၀% အရေးပါ တယ်။ သမီးတို့ အဆိုတော် ဘက်ကလည်း အရေး ပါနေတယ် ဆိုပေမဲ့ ဒါရိုက်တာ ကတော့ ငြေည ပေါ့။ ရိုက်ကူးရေးအဖွဲ့သားတွေ လိုက်မချိတ်နိုင်ဘူး။ ကင်မရာ ရှုထောင့်ကိုလည်း သူတို့ လောက် နားမလည်ဘူး။ Creation ပိုင်းမှာလည်း သူ က ၁၀၀% အရေးပါပါတယ်။ မိစနီ်္ဒတို့က လူငယ်ဆိုတော့ လူငယ် ဒါရိုက်တာကိုပဲ ရွေးကြမှာပဲ။ ဒီလိုရွေးတာမှာ လည်း ဘယ်လိုအရည် အချင်းရှိတဲ့ လူငယ်ဒါရိုက် တာကိုမှ ကိုယ့်သီချင်း အတွက် ယုံကြည်စိတ်ချပြီး ပုံအပ်မှာလဲ။ လက်ရှိ ညီမ လက်တွဲ လုပ်နေတဲ့ ဒါရိုက်တာတွေနဲ့ ပဲ ဥပမာပေးပြီး ပြောပြမယ်။ ကိုအောင်မြတ်ဆိုရင် စရိုက် တုန်းက လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်က ဒီလောက် လက်စောင်းမထက်သေးဘူး။ အခု နောက်ပိုင်း ရိုက်ရင်း၊ ရိုက်ရင်းနဲ့ အရမ်းကောင်းလာ တယ်။ သူ ရိုက်ထားတာတွေ လည်း ပြတယ်။ အရမ်းမိုက် တယ်ပေါ့နော်။ သူက Hip Hop ပုံစံနဲ့ဆို ပိုလိုက်မယ်လို့ ညီမတို့ စိတ်ထဲမှာ သတ်မှတ် လိုက်တယ်။ ညီမတို့ အခု လုပ်နေတဲ့ ဒါရိုက်တာတွေက ညီမတို့လိုပဲ တက်သစ်စ ဒါရိုက် တာတွေ။ ဒီတော့ အချင်းချင်း ယုံကြည်တယ်။ သူတို့ကို အဆို တော်ကြီးတွေက ယုံကြည်ချင်မှ ယုံကြည်မယ်။ ညီမတို့ အသိုင်း အ၀ိုင်းမှာက တွေ့နေကြရတာဆိုတော့ သူတို့ဘယ်လို လုပ်တာကိုလည်း အနီးကပ် တွေ့နေရတော့ သူတို့ ဘယ်လောက် ကြိုးစားတာကို မြင်နေရတယ်။ ကိုအောင်မြတ်ဆို အရင်က တခြားသူရဲ့ သီချင်းတွေ ရိုက်ပေးရင် သီချင်းကောင်းဖို့ အတွက် ဟိုအဆိုတော်က မတတ်နိုင်ရင် သူက စိုက်ပြီး ရိုက်ပေးတာ။ ညီမကတော့ ပြောထားတယ်။ ညီမကိုတော့ အဲလို လုပ်စရာ မလိုပါဘူးလို့။ အနုပညာကို တန်ဖိုးထားကြတာ။ ကိုဝင်းလွင်ထက် ဆိုရင်လည်း ရှုတင်မှာ ထမင်းတောင် မစားဘူး။ ညီမတို့ ထမင်း စားနေတဲ့ အချိန်မှာ ကင်မရာကြီးကိုပဲ ဘာတွေလိုလဲ ကြည့် နေတာ။ သူ့မိန်းမက ဘေးကနေ ထမင်းကို ခွံ့ပေးရတယ်။ ပိုက်ဆံဆိုတာ သူတို့အတွက် ဘာမှ မဟုတ်ဘူး အစ်မရယ်။ ဒါရိုက်တာကြေး မပေးလည်း ကျေနပ်တယ်။ တကယ့်ကို အနုပညာ သမားစစ်စစ်ပေါ့နော်။ အရမ်းကို စိတ်ချမ်းသာတယ်။ သူတို့ အရှေ့မှာ လုပ်ခဲ့တာတွေရော ညီမနဲ့ အတူ လုပ်နေတာတွေ ရော အားလုံးကို ယုံကြည်ပါတယ်။ ကိုဝင်းလွင်ထက်ဆိုရင် ဆိုတေး အခွေထဲမှာ ရိုက်ပေးထားတာလေးတွေက ဘိုဆန်တယ်။ ကြိုက်တယ်။ ဒါကြောင့် ယုံကြည်တယ်။ ဒီဘက်ခေတ်မှာစက်မှု၊ နည်းပညာတွေကလည်း အရမ်း တိုးတက်နေတယ်။ ကင်မရာတွေဆိုရင်လည်း တစ်ခေတ်နဲ့တစ် ခေတ် ပိုတိုးတက်ကောင်းမွန်တဲ့အရာတွေပဲ ထွက်ပေါ်လာနေ တယ်။ အဲဒီဘက်ပိုင်းမှာရော ကိုယ်တိုင် နားလည်အောင် လေ့လာထားတာလား။ အခု သမီး ဗီစီဒီမှာရိုက်နေတဲ့ 5 D MAX II ကရော ဘာအားသာချက်တွေရှိလဲ။ 5 D MAX II က အဓိကကတော့ ဓာတ်ပုံ ရိုက်တဲ့ ကင်မရာ။ ဒါပေမဲ့ သူက ဗီဒီယိုရိုက်ရင် HD Quality ထွက်တယ်။ နိုင်ငံ ခြားမှာလည်း ရိုက်နေကြပြီ။ ညီမက MAX III နဲ့တောင် ရိုက်ချင်တာ။ MAX III က အလင်းစုပ်ယူမှု အားကောင်းတယ်လို့ ကိုအောင်မြတ်က ပြောတယ်။ ညဘက်တွေဆို ပိုကောင်းတယ်။ ညီမတို့လည်း စက်မှုပိုင်းကို တော်တော်လေး သိနေပါပြီ။ လေ့လာ ထားတာပေါ့။ အခေါ်အဝေါ်တွေသာ အကုန် မသိတာ။ ဘာမီးလုံး ထွန်းရင် ဘာဖြစ်မယ် ဆိုတာမျိုး သိနေပြီ။ ကာလာ ချိန်တာက Edit လုပ်ရင် ပြန်ချိန်လို့ ရတယ် ဆိုပေမဲ့ မူရင်းမှာ မီးသုံးတာနဲ့လည်း ဆိုင်တယ်။ မီးများများ သုံးတာနဲ့ မီးမနိုင်တာမျိုးက အရမ်း သိသာတယ်။ တချို့ အဆိုတော်တွေ အနေနဲ့ တခြား အပိုင်းတွေ နားလည်ချင် နားလည်မယ်။ စက်မှုပိုင်းကို နားလည်တဲ့ အဆိုတော်ကတော့ နည်းပါတယ်။ ညီမဆို MTV ရိုက်တာလည်း များပြီ။ အခု ကိုယ့်အခွေမှာလည်း ၇ ပုဒ်၊ ၈ ပုဒ် လောက် ပြီးနေပြီ။ နားလည် သင့်သလောက် နားလည် နေပါပြီ။ ဒါပေမဲ့ ကိုယ့်ဟာကိုယ်တော့ မလုပ် ရဲသေးပါဘူး။ ပိုက်ဆံ အကုန် ခံပြီး မကောင်းတော့ ဘာ လုပ်ရမှာလဲ။ ကိုယ့်ဟာကိုယ် လျှောက်ရိုက်ပြီးတော့လေ။ နားလည်အောင်တော့ လုပ်ထား ရတာပေါ့။ ဒီနေ့ခေတ်မှာ အဆိုတော် တစ်ယောက် ဘယ်လောက် အဆိုကောင်းကောင်း သီချင်းကောင်းကောင်း သူ့ ပရိသတ်က Audio CD ထက် VCD ကိုပိုပြီး အား ပေး မျှော်လင့်တယ် ဆိုတာကို ညီမ လက်ခံလား။ လက်ခံပါတယ်။ ဒါ ကြောင့်လည်း ညီမ ဗီစီဒီကို အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေတာပါ။ ဒါဆိုရင် သီချင်းတစ် ပုဒ်စီ မဟုတ်ဘဲ မိုနိုပိုလီ တစ်ခွေလုံး အတွက် အကောင်းဆုံး ကြိုးစားနေမှု တွေကို သိချင်တယ်။ ဘယ်လို ထူးခြားမှုတွေနဲ့ ဆိုတာပေါ့။ ထူးထူးခြားခြားကတော့ အားလုံး ထူးထူးခြား ခြားပါပဲ။ ပိုက်ဆံလည်း ထူးထူးခြားခြား ကုန်တယ်။ ဟိုနေ့ကဆို တစ်ပုဒ်တည်း ရိုက်တာ ၁၂ သိန်းလောက် ကုန်သွားတယ်။ အဲဒီလောက် အထိ သမီး သုံးထားတယ်။ အဲဒီ သီချင်းက ကိုကိုလူဆိုး။ နှစ်ယောက် မရှိဘူး မှာလည်း ကုန်တယ်။ အဲဒီကုန်ကျစရိတ် မှာ ညီမရဲ့ အ၀တ်အစား၊ မိတ်ကပ်ဖိုး မပါသေးဘူး။ Dancer တွေ Actor တွေ အတွက်ပေါ့။ ဒါတောင် တချို့တွေက မေတ္တာနဲ့ ကူညီ ပေးကြတာ။ ဒါပေမဲ့ တစ်နေ့ လုံးဆိုတော့ အရမ်း အားနာလို့ တချို့ကိုတော့ ပေးလိုက် တယ်။ နှစ်ယောက်မရှိဘူးက မခိုင်ကြီး(ထွန်းအိÿာဗို) ဆိုထားတဲ့ သီချင်း။ အဲဒါကို ညီမက Hip Hop Version ပြန်လုပ်ထားတယ်။ အဲဒီ ပုံစံရအောင် ရိုက်တော့ ကုန်တာပေါ့။ ဒါပေမဲ့ အရမ်း ကောင်း တယ်။ အရမ်းကောင်းတယ်။ ဘယ်လိုကောင်းလဲ ဆိုတာတောင် ဘယ်လို ပြန်ပြောပြရ မှန်း မသိတော့ဘူး။ သီချင်း တစ်ပုဒ်ထဲမှာ ပုံစံ မျိုးစုံနဲ့ လုပ် ပြထားတာ။ ရိုက်နေရင်းနဲ့ ကိုအောင်မြတ်ကိုတောင် ပြော ဖြစ်တယ်။ ညီမတို့ ရိုက်တာ အရမ်း များနေပြီ။ ဘယ်လို ဆက်လုပ်ကြမှာလဲလို့။ ကိုကို လူဆိုး မှာက သီချင်း ၃ ပုဒ် လောက် လုပ်လို့ရတဲ့ Idea တွေလေ။ အဲဒါကို တစ်ပုဒ်တည်း ကောက်ထည့်လိုက် တာ။ ရိုက်လည်းပြီးရော ည ကျတော့ ညီမ အိပ်မပျော် တော့ဘူး။ (မိစန္ဒီက အခုမှ ရယ်နိုင်တဲ့ ပုံစံနဲ့ ဟက်ဟက် ပက်ပက်ရယ်နေပါတယ်) ဒါပေမဲ့ အရမ်းကို ကောင်းတဲ့ အတွက် ကျေနပ်တယ်။ ညီမ အဲဒီလို စေတနာထားပြီး လုပ် ထားတာပါ။ အဆိုတော် သူငယ်ချင်း အချင်းချင်းက မိစန္ဒီ နင်ပိုက်ဆံတွေ တော် တော်ပေါနေလား၊ ငါ့ကို ရိုက် ပေးမလားလို့။ ကိုဂျောက် ဂျက်ဆို ညီမကိုနောက်တယ်။ တချို့သီချင်းတွေဆို အရမ်းကို သုံးထားတယ်။ တွေ့ကြရ မှာပါ။ တချို့ကပြောကြ တယ်။ နင်ဒီလောက် သုံးပြီး ရိုက်ပြတာ ပရိသတ်က နား လည်ပါ့မလားပေါ့။ ပရိသတ် နားမလည်ရအောင် ဒီခေတ် ပရိသတ်က ငပိန်းလည်း မဟုတ်ဘူး။ နားလည်ကြမှာ ပါ။ ညီမ စေတနာကို သိကြ ရမှာပါ။ ညီမလည်း အရမ်း ချမ်းသာနေတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ သူငယ်ချင်း တွေနဲ့ တစ်ရက်လျှောက် လည်ရင် ၅ သောင်းလောက် ကုန်တယ်။ ၂ ရက်ဆို ၁ သိန်း။ အဲဒါတွေကို မသုံး မစွဲဘဲ ဗီစီဒီမှာပဲ သုံးလိုက်မယ် ဆိုပြီး စုပြီး သုံးပစ်လိုက်တာ။ အဓိကက ညီမရဲ့ ပရိ သတ်အပေါ် ထားတဲ့ စေတနာ ပါပဲ။ ပရိသတ်လည်း သိမှာ ပါ။ ညီမက အရမ်းကြီးသုံးရ လောက်အောင်လည်း အရမ်း နာမည်ကြီးနေတဲ့ အဆိုတော် မဟုတ်ဘူး။ မိဘကလည်း ပိုက်ဆံ မရှိတဲ့ မိဘမဟုတ်ပေမဲ့ အရမ်း ချမ်းသာနေတဲ့ မိဘလည်း မဟုတ်ပြန်ပါဘူး။ ညီမသီချင်း တစ်ပုဒ်က အနည်းဆုံး ၆ သိန်းလောက် ကုန်တယ်။ ၆ သိန်းအောက် ဆင်းတဲ့ သီချင်း မပါဘူး။ဒါတောင် တော်တော် ချုံ့ထား တာပါ။ ညီမက သီချင်း တစ်ပုဒ်စီတိုင်းကို မတူအောင် ကွဲပြားအောင်လည်း လုပ်ပြ ထားပါတယ်။ ညီမကို ဘာဘီမလေးလို တွေ့ရမယ်၊ ပြီးရင် လူဆိုးမ၊ Dancer, ရှေးဟောင်းပုံစံ မျိုးစုံနဲ့ ၁၄ ပုဒ်စလုံးမှာ လုံးဝ မတူအောင် သေချာ လုပ်ထားပါတယ်။ ဖက်ရှင်ပိုင်းကတော့ ပြောမနေနဲ့တော့ပေါ့နော်။ ကိုကိုလူဆိုး တစ်ပုဒ်တည်းကို ၈ စုံ လဲထားတယ်။ ယောက်ယက်တွေကို ခတ်နေတာပဲ။ ဒါက တစ်ပုဒ်တည်းပဲ ရှိသေးတာနော်။ လက်ရှိ ဂီတ အခြေအနေအရ တတ်နိုင်သမျှ စရိတ်ချုံ့ပြီး စီးရီး Title လောက်ပဲ အကုန်သုံးပြီး ရိုက်လေ့ရှိတဲ့ အချိန်မှာ မိစန္ဒီက တစ်ခွေလုံးကို ပုံအောပြီး ပရိသတ်အတွက် စေတနာပြထားတာကို ငွေရေးကြေးရေး အနေနဲ့ပြန်ရဖို့ မှန်းထားမယ်တော့ မထင်ဘူး။ အနုပညာ ကျန်ဖို့ပဲ အဓိကလို့ ဆိုချင်တာလား။ ဟုတ်ကဲ့။ မမှန်းထားပါဘူး။ အရင်းလည်းကျေမှာ မဟုတ်ပါဘူး။ Audio CD မှာကတည်းက သေချာလုပ်ထားတာလေ။ Cover ကုန်ကျ စရိတ်နဲ့တင် ပြန်ရတဲ့ အမြတ်က သူများထက် ထက်ဝက် နည်းပါတယ်။ ခိုးကူးခွေ မ၀ယ်ဘဲ မူရင်းဝယ်တဲ့ သူတွေကို ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာ။ Audio ရော VCD အတွက်ရော အရင်း တော်တော်ကြီးတယ်။ အဓိကကတော့ ညီမရဲ့ အနုပညာ အတိုင်း အတာ ပြန်ရဖို့ပဲ လိုချင်တယ်။ မိစန္ဒီက ဗီစီဒီကို ပစ်စလခတ် မလုပ်ထားပါဘူးဆိုတာ၊ နယ်ပရိသတ်မှ ရန်ကုန် ပရိသတ်မှ သိပါစေလို့ လုပ်ထားတာမျိုး မဟုတ်ဘူး ဆိုတာတွေကို ပရိသတ် သိသွားရင်ပဲ မိစန္ဒီက ကျေနပ်ပါပြီ။ မိစန္ဒီက အခုသရုပ်ဆောင်ဖို့ ကမ်းလှမ်းတာကို လက်ခံထားတယ် ဆိုတော့ သရုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ ခံစားမှုနဲ့ ဆက်လုပ်မဲ့ အနုပညာတွေကို ပြောပါဦး။ အမှန်အတိုင်းပြောရရင် သရုပ်ဆောင်ရတာ အရမ်း စိတ်ကျဉ်းကျပ်တယ်။ ကြော်ငြာတွေ ရိုက်နေရတော့ ဒိုင်ယာ လော့ခ်တွေ ပါလာရင် သေပြီပဲ။ ညီမတို့ အဆိုတော်တွေ အဓိကက ပဲမပေးတတ်တာ။ ပဲ မကျွေးတတ်ဘူး။ ညီမတို့က ဗီစီဒီရိုက်ပြီ ဆိုရင် Play Back သီချင်း ဖွင့်ထားရင် တကယ်လိုက်ဆိုတာ။ သီချင်း ရိုက်လည်း ပြီးရော အသံတွေလည်း ၀င်နေရော။ ကြော်ငြာ ရိုက်တော့ ပဲ အရမ်းပေးရတော့ စိတ်ကျဉ်းကျပ်တယ်။ ငိုချင်တယ်။ ကိုယ်လည်း မကျွမ်းကျင်တော့လေ။ ဒါပေမဲ့ တစ်နေ့ပါပဲ။ မနက်ပိုင်း ရိုက်ပြီး ညနေကျရင်တော့ Mood တွေ ၀င်လာပြီ။ နည်းနည်း သိလာပြီ။ အခုဆို မြန်မာ ကားတွေ ကြည့်နေရပြီ။ကြိုတင် လုပ်ထားရပြီ။ Myanmar Rapper and r&b singer Mi Sandi
Mi Sandi ပထမဆုံး ဇာတ်ကား အတွက်ဆိုတော့ ပြင်ဆင် တယ်ဆိုတာမှာ ဘယ်လောက် အထိလဲ။ ကိုယ်တွဲရမဲ့ သူတွေကလည်း နာမည်ကြီးသရုပ်ဆောင်တွေဆိုတော့ ညီမကြောင့် တစ်ခုခုဖြစ်မှာ အချိန် ကြန့်ကြာမှာ အရမ်းကြောက်တယ်။ ညီမပဲ ခဏ ခဏ မှားပြီး ပြန်ရိုက်ရရင် မကောင်းဘူးလေ။ ရှုတင် စရိတ်ဆိုတာ နားလည်တယ်။ ဒါကြောင့် သေချာ လေ့လာ နေပါတယ်။ ဗီစီဒီမှာက ခပ်ပါးပါးပဲ သရုပ်ဆောင် ရတာ။ ကိုယ့်ပုံစံ မိစန္ဒီအတိုင်းပဲ ထွက်နေတယ်။ ကြော်ငြာတို့၊ ဇာတ်ကားတို့မှာကျတော့ မိစန္ဒီဆိုတာ မရှိတော့ဘူး။ အဲဒီထဲက ပုံအတိုင်း ထွက်နေရမယ်။ မင်းသမီးလို့ ကိုယ့်ကိုယ်ကိုယ် သဘောထားရ မယ်။ မိစန္ဒီ ဆိုတာ မရတော့ဘူး။ အဲဒီစိတ် ထားနိုင်ဖို့ ကြိုးစား ရဦးမယ်။ ဒါတောင်မှ ကိုယ်က အရမ်း ပိန်းတိန်းပြီး ကင်မရာ ကြောက်တဲ့အထဲမှာ မပါဘူး။ ဒါပေမဲ့ တကယ် ပြောရရင် သီချင်း ဆိုတာကိုပဲ ၀ါသနာ ပါတယ်။ သရုပ်ဆောင်တာက ကိုယ့်ကို ပရိသတ် မမေ့သွားအောင်ပါ။ ဒီလို ကမ်းလှမ်းကြတယ် ဆိုတာလည်း ပရိသတ်က ကိုယ့်ကို အဲဒီဘက်မှာမြင်ချင်ကြလို့ပဲ လို့ထင်လို့ လက်ခံဖြစ်တာပါ။ ဒီဇာတ်ကားကို အဆိုတော် ယုန်လေးက လာကမ်း လှမ်းလို့ယုန်လေး ဆိုပြီး လက်ခံဖြစ်တာလား။ ဇာတ်လမ်းကြောင့် လက်ခံဖြစ်တာလား။ Myanmar Rapper and r&b singer Mi Sandi
Mi Sandi နှစ်ခုစလုံးကြောင့်ပေါ့။ ကိုယုန်လေးက ဇာတ်ညွှန်းသာမပေး သေးတာ ဇာတ်လမ်းကို အစအဆုံး သေချာလာရှင်းပြ သွားတာ။ ပြိုင်ကားတွေလည်း အများကြီး ပါမယ်။ Hip Hop အဆိုတော်တွေလည်း အများကြီး ပါမယ်တဲ့။ Action ပုံပေါ့။ အရမ်းချစ် ကြိုက်ပြီး နုရွနေတဲ့ ကားမျိုး မဟုတ်ဘူး။ ချစ်ရမယ်ဆို လည်း ညီမက ဖြစ်မှာ မဟုတ်ဘူး။ အဲဒီထဲက ကောင်မလေးက ဦးလူမင်းရဲ့ သမီး။ ဦးလူမင်းက လူဆိုး လည်းမဟုတ်၊ လူကောင်းလည်း မဟုတ်။ ကားလောကမှာ ဆရာကြီး။ ဒီတော့ ညီမကလည်း ဆရာမလေးပေါ့။ ဟော့ရှော့ ဒီဇိုင်းလေ။ ကောင်လေးတွေက ကိုယ့်ကို ရိသဲ့ သဲ့ လာလုပ်ရင် ဆွဲထိုးတာမျိုး ဆိုတော့ ကိုယ်လည်း အဲဒီ ဇာတ်ရုပ်ကို သဘောကျတယ်။ လုပ်လည်း အရမ်း လုပ်ကြည့် ချင်တယ်။ နောင်တစ်ချိန်တော့ မသိပေမဲ့ အခုအချိန်မှာက နုရွနေရင် လက်ခံချင်မှ လက်ခံဖြစ်မှာ။ စရိုက်ရိုက်ချင်းကားမှာပဲ ဦးလူမင်းလို ပရော်ဖက်ရှင်နယ် သရုပ်ဆောင်ကြီးနဲ့ တွဲသရုပ်ဆောင်ရမှာ ဆိုတော့ အရမ်း စိတ်ဝင်စားတယ်။ မြန်မာပြည်မှာ ပထမဆုံး ဇာတ်လမ်း ပုံစံမျိုးလည်းဖြစ်တော့ လက်ခံဖြစ်တာပါ။ အခုဆို မြန်မာကားတွေ ကြည့်ဖြစ်နေတယ်။ Over လုပ်တတ်လာအောင် လေ့ကျင့်နေတယ်။ ဒိုင်ယာလော့ခ်တွေ ကျင့်ဖြစ်နေတယ်။ ပထမဆုံး ဇာတ်ကား အတွက် ရင်ထဲမှာ ဘယ်လို ဖြစ်နေလဲ။ ခံစားမှုက အရမ်း ကြောက်တယ်။ စိတ်က ဖိစီး နေတယ်။ တော်သေးတယ်။ အခု ရိုက်ရက်ကို နောက်လ ရွှေ့ထားလို့။ အမေကဆို ရိုက် ရက်နီးလာရင်ဒုက္ခပါပဲ၊ နားငြီး လို့တဲ့။ ကြောက်လည်း ကြောက်တယ်။ ရင်လည်း ခုန်တယ်။ စိတ်လည်းဝင်စား တယ်။ စိတ်လည်း အရမ်း လှုပ်ရှားတယ်။ ဒါဆို သီချင်းတွေရော ရေးဖြစ်သေးရဲ့လား။ အဲဒီဘက် မရောက်ဘူး ဖြစ်နေတယ်။ တချို့ရက်တွေ ဆိုမှ ကျောင်းသွားမတက် တော့ဘဲ သီချင်းရေးဖြစ်တယ်။ တချို့အခွေတွေအတွက် သီချင်း ရေးဖို့ဆိုဖို့တွေရှိပြီး အကြွေး ဖြစ်နေတယ်။ သီချင်းရေးဖို့ ကလည်း Mood ပါမှ။ အရမ်း ဖျစ်ညှစ်ရေးလို့လည်းမရဘူး လေ။ သေချာနားပြီးမှရေးရ မှာ။ အခု စာမေးပွဲကလည်း လကုန်ရင် ဖြေရမယ်။ ဒါ ကြောင့်အခု ဗီစီဒီရိုက်ကူးမှု နားထားရတယ်။ သီချင်းတွေကိုရော ဘယ် အချိန်တွေမှာ ရေးလေ့ရှိလဲ။ အချိန် မသတ်မှတ်ထားဘူး။ အခု ညီမရဲ့ ပရိသတ်ကြိုက်တဲ့ သီချင်းတွေဆို ဘယ်အချိန်တွေမှာ ရေး ခဲ့တာလဲဆိုတော့ ကျောင်းတက်နေတဲ့ အချိန် ကျောင်းဖျက်ပြီး ရေးထားတဲ့ သီချင်းတွေ။ ရေခဲရိုက်အပြုံးထဲက ရက်ပင်တွေဆိုရင် စာမေးပွဲဖြေနေတဲ့အချိန်မှာ ရေးဖြစ်တာ။ ခံစားမှုပေါ်လာတဲ့ အချိန် ချက်ချင်းကောက်ရေး ဖြစ်တာ။ အာရုံစူးစိုက်မှုအား အကောင်းဆုံးအချိန်မှာ ရေး ဖြစ်တာ။ တစ်ခါတလေ ကျောင်းသွားဖို့ ပြင်ဆင်နေ တုန်း စိတ်ထဲမှာ မယ်လိုဒီတွေ ပေါ်လာရင် ချရေးလိုက်တာ ပဲ။ ညမှ နေ့မှဆိုပြီး မရှိဘူး။ ခံစားမှုတွေက ကိုယ်တွေ့တွေလား၊ မွေးယူတာလား။ ကိုယ်တွေ့ တော်တော်များပါတယ်။ သူငယ်ချင်းတွေ ကြားထဲ အဖြစ်အပျက်တွေလည်းပါတယ်။စကားလုံးတွေ ကတော့ ရင်ထဲမှာခံစားမှ ရေးလို့ရတာ။ ရေခဲရိုက်အပြုံး ဆိုရင် ညီမရဲ့တကယ့် အဖြစ်အပျက်လို့ပြောလို့ရတယ်။ Crazy သီချင်းကတော့လုပ်ယူထားတာ။ ညီမကတစ်ဖက် သတ်အချစ်ကို မခံစားဖူးဘူးဆိုတော့ လုပ်ယူကြည့်ထားတာ။ တချို့စကားလုံးတွေကတော့ ကိုယ့်စိတ်ထဲမှာဖြစ်ချင်တာကို မိစန္ဒီမဟုတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ ရေးထားတာ။ စာဖတ်၊ ၀တ္ထုဖတ်ပြီးလည်း ကုန်ကြမ်းရှာတယ်။ မဟုတ်တောင် သွယ်ဝိုက်တဲ့ စကားလုံးတွေ သုံးထားတယ်။ အချစ်နဲ့ မကင်းတဲ့ ဒီအရွယ်မှာ မိစန္ဒီရဲ့အချစ်နဲ့ လက်ရှိ မိစန္ဒီရဲ့ဂီတ။ မိစန္ဒီလည်း အချစ်နဲ့မကင်းပါဘူး။ အချစ်မရှိဘဲ မနေတတ်တဲ့သူတွေမှာ ပါပါတယ်။ ဆိုလိုတာက ခံစားမှု မရှိဘဲမနေနိုင်တာပေါ့။ တစ်ခါတလေ အထီးကျန်တယ်လေ။ ညီမက သိပ်မရင့်ကျက်သေးပါဘူး။ ကလေးဆန်တယ်။ တစ်ခါတလေ ကိုယ့်ချစ်သူနဲ့ရန်ဖြစ်ပြီးရင် အလုပ်လုပ်ရတာ စိတ်မပါတာမျိုးပေါ့။ ငိုချင်နေတယ်။ ဟာတာတာကြီးကိုဖြစ်နေတာ။ ဘယ်လိုပြောရမှန်းမသိဘူး။ ကုန်ကြမ်းတွေလည်း ရတာပေါ့ အစ်မရယ်။ ဂီတကတော့ ငယ်ငယ်ကတည်းက ကိုယ်ဖြစ်ချင်နေတဲ့အရာ။ အရမ်း ရူးသွပ်တယ်။ ဂီတဆိုတာ လွတ်လပ်တယ်။ ပွင့်လင်းတယ်။ အချုပ်အနှောင်မရှိဘူး။ ကိုယ်ဖွင့်ပြချင်တာကို ဖွင့်ချပြလို့ရတဲ့အရာမျိုးလို့ ထင်တယ်။ ဒါကို နာမည်ကြီးချင်လို့ လုပ်ခဲ့တာမဟုတ်ဘူး။ အရမ်းကို ၀ါသနာပါလို့ပါ။ အိမ်က နောက်ပိုင်းမှ ပြောလို့မရလို့ ခွင့်ပြုခဲ့တာ။ တကယ်ဝါသနာပါလို့လုပ်ခဲ့တာ။ မိစန္ဒီက မိုနိုပိုလီ ဗီစီဒီကို ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင် အပြင်းအထန် ကြိုးစား ရိုက်ကူးနေပါတယ်။ တစ်ခွေလုံးမှာ လူငယ်စိတ်ကူး တွေကို အပီအပြင်ချပြနိုင်အောင် ဖန်တီးထားတာကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ မိစန္ဒီရဲ့ မိုနိုပိုလီ ကို သူမရဲ့ပရိသတ်ကလည်းကျေနပ်နိုင်ကြပါစေလို့ မိစနီ်္ဒအတွက် ရွှေအမြုတေက ဆုတောင်းပေးလိုက်ပါတယ်။ သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)

မိုးပြေး - D.O.K ft.နေဗလ

Download with Mediafire Song name : မိုးပြေး Artist : D.O.K ft.နေဗလ

Sep 28, 2012

မဖြစ်နိုင်ဘူး - mO3 htet <>nG nG<>Thar Nge (MC FAMILY)

Download with Mediafire Song Name : မဖြစ်နိုင်ဘူး Singer <>mO3 htet <>nG nG<>Thar Nge (MC FAMILY)

MC ဗိုက်ပူ VS Rocker တွေကို L*** ပဲ

MC ဗိုက်ပူကတော့ Hip Hop အဆိုတော်တွေကိုဖဲ့ထားတာပါ နားထောင်ရန် VS ဒါကတော့ Rocker ကြီးတွေကို(G Family)ကဖဲ့ထားတာပါ နားထောင်ရန်

3rd Shwe FM Show

BigBag - မယ်တင် (DJ Swan Thu Remix)

Download with Minus Song name : မယ်တင် (Remix) Remix by DJ Swan Thu

GALAXY - ASH Ft. H-Rayz

Show.............................30.10.2012

Moony Kyaw(Collection)

Sep 26, 2012

MHL-စာမေးပွဲ

စာမေးပွဲ ဆိုတဲ့ သီချင်းပါ.....။ MHL ဆိုထားတာလို့တော့ပြောပါတယ်.......။ စာသားလေးက ဒီလိုလေး............ *ကျက်လဲကျမှာပဲမကျက်လဲကျမှာပဲ မင်းအဆင့်ဥာဏ်ရည်နဲ့ဆို တစ်မှတ်ပဲရတာအမြဲ မေးခွန်း ခက်လဲကျမှာပဲ မခက်လဲကျမှာပဲ မင်းအဆင့်ဥာဏ်ရည်နဲ့ဆို တစ်မှတ်ပဲရမှာအမြဲ* Download with Mediafire

Mandalay Love & Hate (Vol-1+2)

01.My Love is U 02.You are My Barbie 03.My Kindful Girl 04.Loving U 05.Together 06.GTU Girl 07.Are You Ready 08.To be Married 09.Hello Hello 10.Timetable 11.Difference 12.Lwan Loh Tway Mae' A Kyaung 13.Bye Bye 14.A Nya Ta Ya Tann Chin 15.Sone Naing Phoe Lann Za 16.Tomorrow Without You 17.လမ်းခွဲ
Vol-1 Download with Mediafire
Vol-2 Download with Mediafire

TAURUS - ARNO Vs WAN CHAI (MiniMixtape)

သီချင်းAlbum အမည်- ARNO Vs WAN CHAI အဖွဲ့နာမည် - TAURUS သီဆိုသူ - K-KAY and C-CHAN Mixing - Ko Nay La 01.လွမ်းနေတဲ့အချိန် 02.ပျော်ရွင်ခြင်းအဆုံးသတ် 03.ARNO VS WAN CHAI 04.ရင်ထဲက(မေ) 05.Water Festival
Download with Mediafire

အမျိုးသားရေးရာ (i-Beat, Ice Cold, ဗထူး)

အမျိုးသားရေးရာ (i-Beat, Ice Cold, ဗထူး)
Download with Mediafire အမျိုးသားရေးရာ Lyric and Vocal : i-Beat, Ice Cold, ဗထူး Beat n Mixing : i-Beat WCC Music Recordz Terrorist အပြီး နောက်ထွက်မယ့်ရဲဘော်သုံးကျိပ်ဆိုတဲ့အခွေထဲမှာပါမယ့် PromoTrack ပါ အထဲကအတိုင်းတော့လိုက်မလုပ်ကြပါနဲ. :)

Burn 2 - ASH Download @

Sep 25, 2012

Hip Hop Activity-Right D,Little T Feat Yung T

Download Song Name : Hip Hop Activity Vocal : Right D,Little T Feat Yung T

အဆင်သင့်-ဖြိုးကို Feat Yung T

Download Song Name : အဆင်သင့် Vocal : ဖြိုးကို Feat Yung T

BLACK MONEY THE MIXTAPE

လမ်းကြောင်း-Young Keezy Thuta,Sticka Thura , Emces Je And GypC

Download with minus New song : လမ်းကြောင်း Artists : Young Keezy Thuta , Sticka Thura , Emces Je And (GypC ) .. Produced by : Young K

အဝေးကြီး (ရဲနောင် Ft.ဂျေမီ)

အဝေးကြီး (ရဲနောင် Ft.ဂျေမီ)
Download

ရွီးဒိုင်း(Original Song)

Sep 24, 2012

သိန်းလင်းစိုး

The_Reunion_Mix_Tape

Phyo Lay & Nay Win

Phyo Lay & Nay Win

လက်မထောင်နိုင်တဲ့ အဆိုတော် တစ်ယောက် မဖြစ်သေးပါဘူး ဆိုတဲ့ Bobby Soxer

အနုပညာ ရပ်ဝန်းကြီးမှာ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဆိုတာ ပုံသေ မရှိနိုင်ပါဘူး။ ရပ်တန့် မနေတဲ့ ခေတ်ကြီးမှာ ငယ်ရာက ကြီးလာတဲ့ လူကြီးတွေက နောက်တက်လာတဲ့ လူငယ်တွေ အတွက် နေရာ ဖယ်ပေးကြ ရစမြဲပါပဲ။ အရည်အချင်း ရှိတဲ့ လူငယ်တွေ အတွက်တော့ နေရာတစ်ခုက အမြဲ အဆင်သင့် ရှိလို့နေပါတယ်။ ယနေ့ခေတ် လူငယ်တွေ ဘာကြိုက်နေသလဲ။ ဘာကို လိုအပ်နေသလဲ။ ဘာကို လိုချင်ကြသလဲ။ ဒါတွေကိုဖြည့်ဆည်း ပေးနိုင်တဲ့သူက အောင်မြင်သူပါပဲ။ ဒီနေရာမှာ အသက် ငယ်တာကြီးတာ၊ အတွေ့အကြုံ ရင့်ကျက်တာ၊ မရင့်ကျက်တာနဲ့ တိုင်းတာလို့ မရဘဲ သူ့ရဲ့အနုပညာ စွမ်းအားကိုသာ အနုပညာ ပေတံနဲ့ တိုင်းတာကြရတာပါ။ ဂီတရပ်ဝန်းမှာလည်း Next Generation တွေများစွာ ပေါ်ထွက် လာနေတာပါ။ ယနေ့မှာ အဲဒီများစွာတွေထဲက အသံအကျယ်ဆုံး ထိုးဖောက်ထွက်လာနိုင်တဲ့ လူငယ် မိန်းကလေး အဆိုရှင်တစ်ဦးက Bobby Soxer (ထက်ထက်)ပါ။ Bobby Soxer (ထက်ထက်)က လွှမ်းပိုင်နဲ့စုံတွဲ တေးစီးရီးခွေ ဒုံးပျံ ကို မကြာခင်ကမှ ထွက်ထားပါတယ်။ အဲဒီ မတိုင်ခင်ကတည်း က Hip Hop Show ပွဲတွေမှာ အသံစာစာလေးနဲ့ ပရိသတ် ရထားပြီး ဖြစ်သလို အတွဲ တေးစီးရီး ခွေထဲက သူမရဲ့သီချင်းတွေကလည်း ပရိသတ်ကို အကြိုက် တွေ့စေခဲ့ပါတယ်။ မြူးမြူးကြွကြွနဲ့ သီဆို ရတဲ့ သီချင်း ပုံစံတွေနဲ့ အတွဲတေးစီးရီးထဲက လက်လက်ကိုထလို့ သီချင်း အောင်မြင်လာချိန်မှာပဲ ဒုံးပျံ စုံတွဲ တေးစီးရီး ထပ်မံ ထွက်နိုင်ခဲ့ပြီး စွာတေးလန် သီချင်းက ပရိသတ်ကြားထဲ ထပ်မံလွင့်ပျံလာခဲ့တာပါ။ ဆယ်ကျော်သက် အရွယ်သာ ရှိသေးတဲ့ ဒီကောင်မလေးက အနုပညာ တစ်ခုတည်းမှာ စိတ်နှစ်ပြီး အောင်မြင် ကြိုးစားနေရတဲ့သူ မဟုတ်ဘဲ ပထမ အရွယ် ဖြစ်တဲ့အတွက် ပညာလည်း ရှာဖွေနေရတဲ့ လူငယ် တစ်ဦးပါ။ Bobby Soxer (ထက်ထက်)က Business Management ဒုတိယနှစ် ကျောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လူငယ် တစ်ယောက်ရဲ့ အချိန်တွေကို အနုပညာနဲ့ ပညာ ၂ ခုအတွက် တစ်လှည့်စီ အချိန်ပေးပြီး လှုပ်ရှားနေပေမဲ့ သူမကို ကြည့်လိုက်ရင် ပေါ့ပါး လန်းဆန်း တက်ကြွနေတဲ့ ပုံစံကိုပဲ တွေ့ရပါတယ်။ ထက်ထက် က ဒုံးပျံ တေးစီးရီး အတွက် ဒီဗီဒီကိုလည်း ပရိသတ်လက်ထဲ အမြန် ပို့ချင်တာကြောင့် စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ထက်ထက် ပါဝင် သီဆိုထားတဲ့ တစ်ကိုယ်တော် ၈ ပုဒ်ထဲမှာ ၃ ပုဒ် ရိုက်ကူးပြီးစီး နေပါပြီတဲ့။ လက်လက်ကိုထတဲ့ စွာတေးလန် မလေးကိုလည်း ရွှေအမြုတေ ပရိသတ်ဆီ ပို့ပေးချင်ပါတယ်။ ဒုံးပျံ တေးစီးရီးကို စီဒီ အနေနဲ့ ထွက်လာပြီးတဲ့နောက်မှာ ထက်ထက် ဘာတွေလုပ်ဖြစ်နေလဲ။ အနုပညာ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အများဆုံး ဘာတွေ ပိုလုပ်ဖြစ်လဲ။ လတ်တလောကတော့ ဒုံးပျံ ကို ဗီစီဒီ ရိုက်နေပြီ။ ရှိုးပွဲတွေကလည်း မိုးတွင်း ဖြစ်ပေမဲ့လည်း နယ်ရှိုးတွေ သွားဆိုရ တယ်။ ရန်ကုန်ရှိုးကလည်း ဘာပဲပြောပြော တစ်လခြားလောက်ကို တစ်ခါလောက်ရှိတယ်။ ရန်ကုန်ရှိုး၊ နယ်ရှိုး ဆိုဖြစ်တယ်။ MTV ရိုက်တယ်ပေါ့။ ပြီး တော့ အတွဲခွေတွေမှာလည်း သီချင်းတော်တော်များများ ပေးထားတာရှိတယ်။ ၂ ခွေ လောက်တော့ ထွက်ပြီးပြီ။ အဲဒါတွေကို MTV ရိုက်ပေး နေတယ်။ တစ်ပုဒ်ဆိုရင် မရိုက်ရသေးဘူး။ ရိုက်တော့ မှာ။ ချီးယားစ် ဆိုတဲ့ အခွေထဲမှာ မဒီးဒီနဲ့ ဆိုထားတာ။ အတွဲတစ်ပုဒ်ပေါ့နော်။ အဲဒါ ဆိုရင် ထက်ထက်တို့ မိုက် မိုက်လေး ရိုက်ဖို့ စဉ်းစား ထားတယ်။ ဒါ့အပြင် မဂ္ဂဇင်း တွေအတွက်လည်း ဓာတ်ပုံ တွေ ရိုက်ပေးရတယ်။ ကြော် ငြာလည်း ၄-၅ ခုလောက် ရိုက်ထားပြီးပါပြီ။ လူငယ် အဆိုတော် တစ် ယောက်ပေမဲ့ ရှိုးပွဲတိုင်းမှာ Hip Hop ပွဲတိုင်းမှာ အမြဲလို လိုတွေ့ရတတ်တယ်။ Show ပွဲတွေကို ဘယ်လိုပိုင်းခြား သတ်မှတ်ရွေးချယ်လေ့ ရှိလဲ။ ထက်ထက်က အနုပညာနဲ့ ပတ်သက်တဲ့ မည်သည့် ဆုံးဖြတ်ချက်ကို မဆို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဒီတော့ အနုပညာကြေးက အစ ဘယ်ပွဲဘယ်လို ပွဲစီစဉ်တာကအ စ ပွဲစီစဉ်သူတွေနဲ့ ညှိ နှိုင်းတာတွေကိုလည်း ကိုယ့်ဟာနဲ့ ကိုယ်ပဲ လုပ်ပါတယ်။ ဒါပေမဲ့ ရန်ကုန်ရှိုးတွေက တော့ ကိုယ်နဲ့ လုပ်နေကျသူ တွေဖြစ်တဲ့ အတွက် အထူးတ လည် ပြောနေစရာတောင် မလိုပေမဲ့ နယ်ရှိုးပေါ့။ နယ်ရှိုး ကျတော့ ကိုယ့်ကို မသိဘဲ လာငှားတဲ့ သူများတယ်။ ပွဲစီစဉ်တဲ့ သူနဲ့ ကိုယ်နဲ့ မသိတဲ့ အခါကျတော့ ညှိရတဲ့အပိုင်း တွေရှိတယ်။ အဲဒီအခါကျရင် ထက်ထက် အိမ်ကိုပြောပြရ တာပေါ့။ ဒီလိုပုံစံရှိတယ်။ ဒီနေရာတွေကို သွားရမယ်ပေါ့။ ဒီလို စီစဉ် ထားတယ်ပေါ့။ ဒီ တော့ အိမ်က သမီးလုပ်ချင် ရင်လုပ်၊ သွားချင်ရင်သွား။ အမေကတော့ သမီး ဘယ်သွားသွား လိုက်ပေးဖို့ အသင့်ပဲလို့ ပြောတယ်။ ထက် ဘာသာထက် ဆုံးဖြတ်တာ များတယ်။ ရန်ကုန်နဲ့ ဘယ်လောက် ဝေးဝေးနယ်ရှိုးတွေ သွားဖြစ်လဲ။ ရန်ကုန် ပရိသတ်နဲ့ နယ် ပရိသတ်မတူတော့ နယ်ပရိ သတ်တုံ့ပြန်မှုက ဘယ်လိုရှိလဲ။ သမီးက ဒုံးပျံ အခွေ ထွက်ပြီးမှ နယ်ရှိုးတွေ ပိုသွား ဖြစ်တာပါ။ သွားတယ်ဆိုတာ ကလည်း အရမ်းကြီး ခေါင် တဲ့ မြို့တွေတော့ မဟုတ်ပါ ဘူး။ မန္တလေး၊ နေပြည်တော်၊ မုဒုံ၊ ပုသိမ်လို မြို့တွေကို သွားဖြစ်တာပါ။ မန္တလေးလို မြို့တွေကတော့ ကိုယ့်ကို သိပြီးသားလို့ မျှော်လင့်ထား ပြီးသားပေါ့။ ဒါပေမဲ့ ရန်ကုန် ပရိသတ်က ကိုယ့်ကို တွေ့နေ ကျဆိုတော့ သိပ်ပြီးမထူးဆန်း ဘူး။ မန္တလေး ပရိသတ်က တော့ ကိုယ့်ကိုတော်တော် ချစ်တယ်ဆိုတာ သိရတယ်။ ပြီးတော့ မုဒုံတို့ပုသိမ်တို့ သွား ရင်လည်း ထက်တို့တည်းတဲ့ နေရာအထိ ပရိသတ်ကလာ ပြီး ကြည့်ကြတယ်။ ဓာတ်ပုံ တွေ ရိုက်ကြတယ်။ မင်းကွန်း ဘက်လည်းရောက်တယ်။ မင်းကွန်းဘက် ဆိုရင် ကိုယ့် ကို မသိလောက်ဘူးလို့ထင် ထားတာ။ ဒါပေမဲ့ ဘုရား ပေါ်မှာ အမွှေးတိုင်ရောင်းတဲ့ ကလေးလေးတွေက အစ သိ ကြတယ်ဆိုတော့ ပျော်ဖို့လည်း ကောင်းတယ်။ သူတို့က မကြီးထက်ထက်၊ မကြီး ထက်ထက်နဲ့ သူတို့ လေသံ လေးတွေနဲ့ ခေါ်ကြပြီး ကိုယ့် နောက်တောက်လျှောက်လိုက် ပြီးဘုရား အကြောင်းတွေ ပြောပြကြတယ်။ ပျော်ဖို့ ကောင်းတယ်။ ထက်ထက်က ဒုံးပျံကို လွှမ်းပိုင်နဲ့ စုံတွဲခွေ ထွက်ခဲ့တော့ အဲဒီထဲမှာ တစ်ကိုယ် တော်လည်းပါတယ်။ စုံတွဲ တေးလည်းပါတယ်။ သမီးကို ပရိသတ်က ဘယ်သီချင်း ပုံစံမျိုးကို ပိုပြီး လက်ခံကြ လဲ။ သမီးကရော စုံတွဲနဲ့ တစ်ကိုယ်တော် ဘာကိုဆိုရတာ ပိုအားရလဲ။ ထက်ရဲ့ ဖီလင်တစ်ခု တည်းကိုပဲ ပြောမယ်ဆိုရင် တစ်ယောက်တည်း ဆိုရတာကိုလည်းကြိုက်တယ်။ ပရိ သတ်က ၂ ယောက်ဆိုတာ ကို ပိုကြိုက်လို့ ပိုအားပေးပြီး မြူးတဲ့ အခါကျတော့လည်း ကျေနပ်မိတယ်ပေါ့နော်။ ဒါပေမဲ့ ထက်ကတော့ ဒီ ဒုံးပျံ ခွေကို တစ်ကိုယ်တော်လို့ မသတ်မှတ်ထားပါဘူး။ တစ် ကိုယ်တော်ခွေက ၁၂ ပုဒ် လောက်ပါမယ်။ ဒီအခွေက ထက်ရဲ့တစ်ကိုယ်တော်(Solo) က ၈ ပုဒ်ပါတယ် ဆိုတော့ တစ်ကိုယ်တော် နီးနီးပဲ။ ဒါပေ မဲ့ ညီမတို့ ဒီ Album ကို ခေါင်းစဉ်တပ်ထားတာက စုံတွဲ သီချင်းများလို့ပဲ တပ် ထားတဲ့အတွက် ဒီ ဒုံးပျံ က တော့ ၂ ယောက်ပေါင်းအခွေ လို့ပဲ သတ်မှတ်ထားတယ်။ ကိုယ့်ဟာကိုယ် ဆိုရတဲ့အပိုင်း မှာတော့ သီချင်းရွေးချယ်မှုက ကိုယ့်စိတ်ကြိုက်ပေါ့။ နှစ် ယောက် ပေါင်းပြီဆိုရင်တော့ ဘယ်သီချင်းကို ဘယ်ပွဲမှာ ဆိုမယ်။ နောက်တစ်ပွဲကျရင် ဘယ်သီချင်း ပြောင်းဆိုမယ် ပေါ့။ တစ်ကိုယ်တော်ထက် စာရင် သီချင်းနည်းတော့ ပွဲခြား အောင် သီချင်း ရွေးရတာပေါ့။ ထက်ထက် ပရိသတ်က အမြူးနဲ့ အအေး ဘယ်ဘက်ကို ပိုအားသာလဲ။ ညီမက စထွက်ကတည်းက အေးတာဆိုလို့ ဒွိဟ လောက်ပဲရှိမယ် ထင်တယ်။ လက်လက်ကိုထလို့ တို့ နောက်ပိုင်းထွက်လာတဲ့ စွာတေးလန် တို့ အမြူးတွေကို ပဲ ထက်က ပိုအားသန်တယ်။ ပရိသတ်တွေကလည်း ထက်ကို စင်ပေါ်မှာ ငြိမ်ငြိမ်လေး ကြည့်ရတာကို အားမရကြဘူး။ ထက်ခုန်ပေါက်ပြီး ဆိုတာကို ပိုကြိုက်ကြတာ။ အာရုံလို သီချင်းမျိုး၊ အိမ့်ချစ်နဲ့ တွဲဆိုထားတဲ့ သီချင်းမျိုးကျတော့ တစ်ယောက်တည်းသွားတဲ့ ပွဲတွေမှာ အခက်အခဲ ရှိမှာပေါ့။ အဲဒီလို နှစ်ယောက်တွဲဆိုထားတဲ့ သီချင်းမျိုးကို ပရိသတ် တောင်းလာခဲ့ရင် ဘယ်လို တင်ဆက်ပေးလေ့ရှိလဲ။ အဲဒါကျတော့ ထက်က သီချင်းကို Instrumental တွေ ခုတ်ထားတယ်။ ပြီးတော့ မအိမ့်ချစ်ပါတဲ့ သီချင်းဆိုရင် မအိမ့်ချစ် အသံပါတယ်။ ထက်ရဲ့ Rap ရွတ်သံ မပါဘူး။ ပြီးတော့ တစ်ပုဒ်လုံး အသံမပါတဲ့ဟာ မျိုးလည်း ခုတ်ထားတယ်။ ပွဲအနေအထားကိုကြည့်လိုက် တယ်။ အောက်မှာရှိတဲ့ ပရိ သတ်တွေက သီချင်းကို အဆိုတော်လိုမျိုးလိုက်ဆို ပေးနိုင်တဲ့ အားရှိလား။ အဲဒီ လောက်ထိ အားပေးနိုင်တဲ့ ပွဲလားဆိုတာ ကြည့်လိုက် တယ်။ အဆင်ပြေတယ်ဆိုလို့ ရှိရင်စကားလေးနဲ့ နည်းနည်း ချုပ်တာပေါ့အစ်မရယ်။ မအိမ့် ချစ်မပါလို့ပါ အကူအညီပေး ပါပရိသတ်ကြီးပေါ့လေ။ကိုလွှမ်းပိုင်နဲ့ ဆိုတဲ့ ခုန်လိုက် ဆိုရင်လည်း အဲဒီလိုပဲပေါ့။ အဓိကကတော့ အချစ်သီချင်း တွေထက်စာလို့ရှိရင် ခုန် လိုက် တို့ နှုတ်မဆက်ချင်ဘူး တို့က တစ်ယောက်တည်းသွား လည်း ပိုပြီး တောင်းကြတဲ့ သီ ချင်းတွေပေါ့။ Instrumental နဲ့ပရိသတ်နဲ့ ဆိုရတာပေါ့။ အဲဒါလည်း ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ ထက်ထက် က မယ်လိုဒီပိုင်းတွေကိုလည်း ဆိုနိုင်အောင် စာသားတွေကို လိုက်ကျင့်ထားတာပေါ့။ ဒုံးပျံထဲက သီချင်းတွေ ထဲမှာ သမီး မှန်းထားတဲ့ သီချင်းတွေထဲကပဲ ပရိသတ် နှစ်သက်ပြီး ပေါက်သွားလား။ အင်း။ မှန်းထားတဲ့ သီချင်းတော့ ပေါက်တယ်။ စွာတေးလန်။ စွာတေးလန် က ကိုယ့်ဟာကိုယ် စဉ်းစား တယ်။ သီချင်းအကြောင်း အရာပိုင်းရော၊ သံစဉ်ပိုင်းရော၊ သုံးထားတဲ့ Music ပိုင်း ရော အားလုံးကြည့်တယ်။ ကြည့်ပြီးတဲ့အခါကျတော့ မြန်မာ ပရိသတ် ကြိုက်နိုင်တဲ့ အနေ အထားဆိုတာသိတယ်။ သီချင်းနဲ့ ဆိုတဲ့သူနဲ့ လိုက် တဲ့အခါကျတော့ ကြိုက်မယ် ဆိုတာ မှန်းမိတယ်။ ထက်ရဲ့ Solo ပိုင်းမှာတော့ စွာတေး လန် က အပေါက်ဆုံးပဲ။ ဒုံးပျံကို အခုဗီစီဒီ ရိုက် နေပြီဆိုတော့ အသံနဲ့ပါ မက ရုပ်နဲ့ပါ ပရိသတ်ကို ဘယ်လို ထူးခြားအောင် လူငယ် စိတ်ကူးနဲ့ တင်ဆက်မလဲ။ စိတ်ကူးတွေကတော့ လူငယ် ဆန်ဆန်ပါပဲ။ နည်း နည်းအပြောင်လေးတွေ၊ အပျော်အပြက်လေးတွေပါ တယ်။ ပရိသတ်ကို Music Video ပုံစံ တင်ဆက်ပေးထား တယ်။ ပြီးတော့ Story ပိုင်း ကတော့ ပါတော့ပါတယ်။ အချစ် သီချင်းကျတော့ Story ပါမှ ကောင်းမယ်။ မြန်မာ ပရိသတ်က Music Video အရမ်း ဆန်လွန်းရင်လည်း သိပ်မကြိုက်တဲ့အခါကျတော့ Story ကတော့ ပါးပါးလေး တွေပါတယ်။ ထက်ထင်တာ ကတော့ အာရုံတို့ ယုံကြည် လိုက်တော့ တို့လိုမျိုး အချစ် သီချင်းတွေက ပရိသတ်ပို ကြိုက်တယ်။ ပိုကြိုက်တော့ သူတို့တွေ အနေနဲ့ ရုပ်နဲ့တွဲ ကြည့်ရရင်တော့ ပရိသတ်ကြားထဲ ပိုပြန့်မယ်လို့ ထင်တယ်။ ဗီစီဒီ ရိုက်ကူးရေးမှာ မိန်းကလေး အဆိုတော်တွေ အနေနဲ့က အမျိုးသား အဆိုရှင်တွေထက် ပိုလုပ်ရတဲ့ အပိုင်းက မိတ်ကပ်၊ ဖက်ရှင်တွေ ပါလာပြီ။ ဗီစီဒီ ဆိုတာကလည်း ခုချက်ချင်းရိုက်၊ ခုချက်ချင်း ပရိသတ်လက်ထဲ မရောက် ပြန်ဘူး။ အချိန်ကာလ တစ်ခု တော့ ရှိတယ်။ ဒီတော့ ထက် ထက်က လက်ရှိခေတ်ထက် ပိုပြီး ဖက်ရှင်နဲ့ မိတ်ကပ်ပိုင်း ကို ဘယ်လို ပြင်ဆင်ရလဲ။ အဓိကကတော့ ဖက်ရှင်ပေါ့။ အင်္ကျီ အ၀တ်အစား ဒီဇိုင်းကို တော်တော်ကြီး စဉ်းစား ရပါတယ်။ MTV သီချင်း တွေရဲ့ အဆိုကတ်အတွက်ကျ တော့ ဖက်ရှင် ဒီဇိုင်နာတွေနဲ့ လုပ်တယ်။ ဒါပေမဲ့ Story ပိုင်း တွေအတွက်ကျတော့ ကိုယ့် ဟာကိုယ်ပဲ အရမ်း ခြေတိုအောင် ရှာဝယ် ရပါတယ်။ ထက်က လူကောင်လည်းသေး တဲ့အခါကျတော့ အင်္ကျီတွေ ကို ကျဉ်းသင့်တာကျဉ်း။ ဖြတ်သင့်တာ ဖြတ်လုပ်ရတာ ပေါ့။ မိတ်ကပ်ပိုင်းကျတော့ ၀တ်တဲ့အင်္ကျီကို လိုက်ပြီး ပြင်တယ်။ အင်္ကျီကိုကျတော့ သီချင်းပုံစံနဲ့ သီချင်း Story ကို လိုက်ပြီး ၀တ်တယ်ပေါ့။ ထက်တို့က အခွေကိုတော့ Target ထားထားတာပေါ့ နော်။ ဒီနှစ်တော့မကျော်ဘူး ပေါ့။ ဒါပေမဲ့ ဒီနှစ်ကုန်ပိုင်းမှာ Fashion Trend က ဘယ်လို သွားမလဲဆိုတာကိုတော့ ကိုယ်က နည်းနည်းလေး ခန့် မှန်းလို့ရတဲ့ အနေအထားမှာ ရှိတဲ့အတွက် ထွက်မဲ့ အချိန်နဲ့ ကိုယ့်ရဲ့ Fashion တွေ၊ သီချင်းကို ရိုက်ပြထားတဲ့ဟာတွေက ကွာဟမှု မဖြစ်နေဘူး လို့တော့ ထင်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ရော ကိုယ်တိုင် ပါဝင်ရိုက်ကူး ထားတဲ့ သီချင်းတွေ ပါတယ် ဆိုတော့ ပရိသတ်က ဘယ်လို တွေ့မြင်ရမှာလဲ။ တစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင်လို့တော့ ပြထားပါတယ်။ ကိုယ့်ဟာနဲ့ ကိုယ်မျိုးစုံပေါ့။ မျိုးစုံဆိုတာက စွာတေးလန် မှာ ဆိုရင် ထက်က လူငယ် ဆန်ဆန်။ လူငယ်ဆန်ဆန်မှာ မှထက်က ဂျလေပီကောင် မလေးပုံစံပေါ့။ အရမ်းကို အပျော်အပါးမက်တယ်။ တကယ့် လူငယ်ပုံစံ။ ကြမ်း ကြမ်းတမ်းတမ်းလေးပေါ့။ Hip Hop ဆန်ဆန် ကြမ်းကြမ်း လေးလုပ်ထားတယ်။ တိတ် တခိုး သီချင်းမှာဆိုရင်တော့ သီချင်းနဲ့လိုက်ဖက်အောင် မိန်းကလေးဆန်ဆန် Cute ပေါ့။ ချစ်ဖို့ကောင်းတဲ့ ပုံစံမျိုးလေး။ မြန်မြန်ချစ်ရင် ချစ်တယ်ပြော မှာ ကျတော့ အပြင်အဆင်က Attracted ဖြစ်တဲ့ ပုံစံမျိုးနဲ့ သွားထားတယ်။ ထက်ထက်က အပြင် မှာလည်း စွာတေးလန် သီချင်းအတိုင်း စွာတေးလန်လေးပဲလား။ ဟုတ်တယ်။ ထက်ကို စွာတယ်လို့ ပြောကြတယ်။ ကြော်ငြာတွေမှာ သရုပ်ဆောင်နေပြီ ဆိုတော့ ဇာတ်ကားတွေ ရိုက်ဖို့ လာကမ်းလှမ်းရင် လက်ခံမှာလား။ ကမ်းလှမ်းတာတွေ ရှိတယ် အစ်မ။ ဟိုအရင်ကတည်းက ကမ်းလှမ်းတာတွေ ရှိတယ်။ အဲဒီထဲက ထက်ရဲ့ရည်ရွယ်ချက်က ပထမဦးစားပေး နံပါတ်တစ်က အဆိုတော်ပါ။ ကိုယ့်ကိုယ်ကိုယ် အခုထိ တစ်ကိုယ်တော် မထွက်သေးတဲ့ အတွက် အဆိုတော်ကြီး တစ်ယောက်လို့လည်း မသတ် မှတ်သေးပါဘူး။ အခွေထွက်တယ်။ ဒါပေမဲ့ စုံတွဲ တေးစီး ရီး။ ဒါပေမဲ့ အဆိုတော်တစ် ယောက်အနေနဲ့ မှတ်တိုင်က ထက်ပုံတစ်ပုံတည်းပါတဲ့ အခွေ။ အဆိုတော်အတွက်က တစ်ကိုယ်တော်ခွေက အရမ်း အရေးကြီးပါတယ်။ တစ် ကိုယ်တော်ခွေဆိုတာကို အဓိကပန်းတိုင်ထားပြီး ကြိုး စားသွားမှာပါ။ အခုထိက တော့ ထက်ကဗီဒီယိုတွေပြော ထားတာ မရိုက်ဖြစ်သေးဘူး။ နောက်လည်း ဘယ်လိုဖြစ်လာ မလဲဆိုတာ မသိသေးဘူး။ ကြိုတော့ မစဉ်းစားထားဘူး။ ထက်ရဲ့ငယ်ဘ၀ အိပ်မက်နဲ့ အခုလက်ရှိ ဘ၀ တစ်ထပ်တည်း ကျနေပြီပေါ့။ အင်း။ အဲဒါကတော့ ထက်အမြဲ ပြောဖြစ်တယ်။ ထက်က ငယ်ငယ်လေးက တည်းက ဘာမှ မဖြစ်ချင်ခဲ့ ဘူး။ ဆရာဝန်လည်း မဖြစ် ချင်ဘူး။ ဆေးကျောင်းတက် ချင်တယ်ဆိုတာလည်း မရှိ ဘူး။ အင်ဂျင်နီယာကြီးလည်း မဖြစ်ချင်ဘူး။ အဆိုတော်လည်း မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဂီတကိုတော့ ၀ါသနာပါခဲ့ တယ်။ သီချင်းတွေကို ငယ် ငယ်လေးကတည်းက အရမ်း ဆိုတယ်။ ကိုယ်ဝါသနာပါ လို့ ကိုယ့်ဟာကိုယ်သီချင်း တွေဆိုပြီး အသံ သွင်းရာက နေမှ ဂီတလောကကို ရောက် မှန်းမသိ ရောက်လာတာပေါ့ နော်။ ဒါပေမဲ့ ကိုယ်ဝါသနာ ပါတဲ့ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်း ပြုနေရတယ်။ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှု ပေးသလို ပရိသတ်ကလည်း ထက်သီချင်း နားထောင်ပြီး စိတ်ချမ်းသာ တဲ့အတွက် ဒီအလုပ်ကိုတော့ ကျေနပ်တယ်။ အဆိုတော်လို့ ခံယူ ပြီလား။ ဘယ်လိုပြောရမလဲ။ ကိုယ့်ကို ပရိသတ်က နည်း နည်းလေး အသိအမှတ်ပြု ထားတဲ့ လူတစ်ယောက်လို့ပဲ သတ်မှတ်ထားပါတယ်။ အခွေထွက်ထားပြီးတဲ့အတွက် တော့ ကိုယ့်ကို လူနည်းနည်း ပိုသိလာပါတယ်။ ဒါပေမဲ့ Solo ခွေမထွက်နိုင်သေး သရွေ့ကတော့ ကိုယ့်ကိုယ် ကိုယ်ကတော့ တကယ့်ကို လက်မထောင်နိုင်တဲ့ အဆိုတော်တစ်ယောက်တော့ မဖြစ်သေးပါဘူး။ လူငယ် အဆိုတော် တစ်ယောက် အနေနဲ့ လက်ရှိရင် ဆိုင်ကြုံတွေ့နေရတဲ့ အခက် အခဲက။ ထက်အနေနဲ့ ဆိုရင် တော့ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက် အချိန်ပေါ့။ ခု လက်ရှိ ထက်ရဲ့အချိန်က ကျောင်းတက်နေရတဲ့ အချိန် ပေါ့။ တက္ကသိုလ်တက်နေရ တဲ့အတွက် ကျောင်းချိန်နဲ့ အနုပညာအတွက်ကလည်း အချိန်တော်တော်ပေးရတာနဲ့ အဲဒီ နှစ်ခုက တော်တော် လေးကို ညှိယူနေရမဲ့ အချိန် မှာ ရှိပါတယ်။ ဒါမျိုးက လူငယ်တွေတော်တော်ဖြစ်မယ် ထင်ပါတယ်။ ဆေးကျောင်း သူလည်း ဆေးကျောင်းသူ အလျောက်၊ အဝေးသင်လည်း အဝေးသင် အလျောက် ကျောင်းစာမေးပွဲနဲ့ တိုက်တဲ့ အချိန်မှာ အလုပ်ကို ဆုံးရှုံး လိုက်ရတာမျိုးတွေ ရှိပါ တယ်။ ဒုံးပျံ ဒီဗီဒီနဲ့ ပတ် သက်ပြီး ထက်ထက် အနေနဲ့ ပြောချင်တဲ့ စကား ရှိသေး လား။ MTV မှာက တစ်ပုဒ်နဲ့ တစ်ပုဒ် မတူအောင်ပေါ့။ ဒီ အခွေမှာက ၁၇ ပုဒ်ပါတယ်။ ၁၇ ပုဒ်လုံး ထည့်မယ်ဆိုရင် ဗီစီဒီက မဆံ့တဲ့ အတွက် ၂ ချပ်ထုတ်ရမယ်။ ၂ ချပ်ဆို တော့လည်း နောက်တစ်ချပ် မှာ အရမ်း နည်းသွားမယ် ဆိုတော့ ထက်တို့က ဗီစီဒီ မထုတ်ဘဲနဲ့ Only ဒီဗီဒီပဲ ထုတ်မယ်။ ဦးဇော် (ဇော်ထူး အောင်- CMP) ကို ပြောတော့ လည်း ဦးဇော်က လက်ခံပေး ပါတယ်။ အသာတကြည်ပဲ။ သိပ်မပြောရဘူး။ သူက လည်း Quality လည်းပို ကောင်းအောင် ထုတ်ချင်တဲ့ အခါကျတော့ သူကလည်း ထက်တို့ကို လိုက်လုပ်ပေးတဲ့ အတွက် ဒီဗီဒီပဲထုတ်မယ်။ ၁၇ ပုဒ်စလုံးကို ကြိုးစားပမ်းစား ရိုက်မယ်။ တစ်ပုဒ်နဲ့ တစ်ပုဒ်မထပ်အောင် ကြိုးစား ထားတဲ့အတွက် ပရိသတ် ကြီးက မျှော်လင့်ပြီး အားပေး ပါဦးလို့။ Bobby Soxer က တက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်တဲ့ အတွက် ကျောင်းပိတ် ရက်မှာ အနုပညာ အလုပ်တွေ၊ အလှဓာတ်ပုံ ရိုက်ရတာတွေ ကို ပိုပြီး အချိန်ပေး လုပ်ဖြစ်ပါတယ်။ ရွှေအမြုတေ အလှ ဓာတ်ပုံ အတွက်လည်း သူမရဲ့ ကျောင်းပိတ်ရက်ကို အချိန် ပေးခဲ့ပေမဲ့ ကိုယ့်ဘက်က အဆင်မပြေမှုတွေကြောင့် ရက်ရွှေ့ ခဲ့ရပါတယ်။ ဒါ ကြောင့် သူမရဲ့ ကျောင်းပြန်ချိန် ညနေပိုင်းကို အရယူပြီး ရိုက်ကူးခဲ့ပါတယ်။ ဒီရာသီ က မိုးရာသီ ဖြစ်နေတဲ့ အတွက် မိုးမမိအောင် Studio ထဲမှာပဲ ရိုက်ကူးခဲ့ပေမဲ့ အဲဒီနေ့ ညနေ ပိုင်းက ကားလေးတစ်ဝက် မြုပ်အောင် ရွာချလိုက်တဲ့ မိုး ကြောင့် Bobby Soxer လည်း မိုးမိခဲ့ရပါတယ်။ မိုးကြီးလေ ကြီးထဲမှာ ချိန်းထားတဲ့ အချိန် ကို ရောက်အောင်လာပြီး ရိုက်ကူးပေးခဲ့တဲ့ Bobby Soxer နဲ့ ဓာတ်ပုံ ကိုလင်း (Studio-K)ကို ကျေးဇူးတင် ပါကြောင်း။ သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)

လူငယ်လို တွေးပြီး လူကြီးလို သီချင်းတွေ ရေးတဲ့ ဒုံးပျံလွှမ်းပိုင်

မင်းလည်း ဘိုကေ။ ငါလည်း ဘိုကေ xxx ညှပ် ညှပ် ဆိုတဲ့ စာသားနဲ့ ဒုံး ဒုံး ဒုံးပျံ ဆိုတဲ့ စာသားတွေက လူငယ် ပရိသတ် ပါးစပ်ဖျားမှာ စွဲထင်နေတဲ့ သီချင်းတွေပါ။ လျှာခလုတ် တိုက်မတတ် ရွတ်ဆိုရတဲ့ တချို့ Rap သီချင်းတွေက လူငယ်တွေတင်မက လူကြီးတွေရဲ့ နားထဲကိုပါ ၀င်ရောက်နေပါတယ်။ ဒီသီချင်း ဖန်တီးရှင်တွေက လူငယ်တွေဖြစ်တဲ့ အတွက် လတ်ဆတ်မှု၊ ဖျတ်လတ်မှု၊ တက်ကြွမှုနဲ့ ခေတ်မီမှုတွေ အပြည့်အ၀ ပါဝင်နေတာပါ။ အခုတစ်လော လူငယ်တွေ စီးနေကြတဲ့ ဒုံးပျံနဲ့ လူငယ်တွေ ညှပ်နေတဲ့ ဘိုကေကို ဖန်တီး သီဆိုသူက လွှမ်းပိုင်ပါ။ ဒုံးပျံ တေးစီးရီး မှာ လွှမ်းပိုင်နဲ့ Bobby Soxer က ပါဝင် သီဆို ထားကြတာ ဖြစ်ပြီး ၂ ယောက်စလုံးရဲ့ သီချင်းတွေကို ပရိသတ် လက်ခံခဲ့တာ ဖြစ်ပါတယ်။ လွှမ်းပိုင်က ဒုံးပျံ ခွေမထွက်ခင်မှာ ၇ နှစ်၊ ၈ နှစ်လောက် ကြိုးစားနေခဲ့ရတာ ဖြစ်ပြီး Hip Hop Show နဲ့ အတွဲ တေးစီးရီးတွေမှာ ပရိသတ်နဲ့ အရင်ဆုံး ရင်းနှီးအောင် ထိတွေ့ခဲ့ရ ပါတယ်။ ဘာပဲပြောပြော လူငယ်တစ်ယောက်ရဲ့ကြိုးစားမှုတွေ အရာထင်ခဲ့ပါပြီ။ ခိုးကူးခေတ်မှာ အခွေကို ရဲရဲဝံ့ဝံ့ ထွက်ခဲ့ပြီး ဘာပဲဖြစ်ဖြစ် အနုပညာတစ်ခု ထင်ကျန်အောင် လုပ်နိုင်ခဲ့ပါပြီ။ အသက်ငယ်ပေမဲ့ အနုပညာကြီးတဲ့ လူငယ် အဆိုရှင် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို၊ သူများတွေအတွက်လည်း သီချင်းတွေ ရေးပေးနေတဲ့ လွှမ်းပိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ရွှေအမြုတေ ပရိသတ်ကြီးလည်း ဒုံးပျံစီးကြည့်ပြီး ဘိုကေ ညှပ်ကြည့်ကြပါဦး။ ဒုံးပျံ တေးစီးရီးက Audio CD မှာတင် လူငယ်ပရိသတ်ရဲ့အားပေးမှုကို ရရှိတယ်။ပေါက်တယ်ပေါ့။ သီချင်းတိုင်း မဟုတ်ရင်တောင်မှ လူငယ် ပရိသတ်ကြားထဲ ရောက်သွားတဲ့ သီချင်းတွေ ရှိတယ်။ ဒါကိုမှ ဗီစီဒီ အနေနဲ့ ထပ်ရောက်အောင် ဘယ်လို စိတ်ကူးတွေနဲ့ လုပ်ဦးမလဲ။ ကျွန်တော်ကတော့ ဗီစီဒီမှာ ပေါက်တဲ့ သီချင်းကိုမှ ဘယ်လိုဆိုပြီးတော့ မဟုတ်ပါဘူး။ ဒီအခွေ မထွက်ခင်ကတည်းက ကျွန်တော့် စိတ်ကူးထဲမှာ ရှိပြီးသား။ ဘယ်အပုဒ်ကို ဘယ်လို ရိုက်မယ်ပေါ့။ အခုလည်း ကျွန်တော် အဲဒီလိုပဲ။ ပေါက်တဲ့သီချင်းကို ပိုပြီး အားစိုက် မရိုက်ဘူး။ မပေါက်တဲ့ သီချင်းကိုလည်း လျှော့မရိုက်ဘူး။ အကုန်လုံးကို ဒီလိုပဲ။ စိတ်ပါဝင်စားစွာနဲ့ ခန့်မှန်းထားတဲ့ အပုဒ်တွေ အားလုံးကို ရိုက်ပါတယ်။ အခု ဘယ်နှပုဒ်လောက် ရိုက်ပြီးသွားပြီလဲ။ အခု ကျွန်တော့်ဘက်က ၃ ပုဒ်ပေါ့နော်။ ထက်ထက်(Bobby Soxer) ဘက် က ၃ ပုဒ်။ နှစ်ယောက်ပေါင်း ၆ ပုဒ်ပြီးသွားပြီ။ ဒါဆို ဒါရိုက်တာတွေကတော့ တစ်ခွေလုံး အတွက် ဘယ်သူတွေဆိုတာ ရွေးချယ်ပြီးသွားပြီပေါ့။ လွှမ်းပိုင်ရော၊ Bobby Soxer ရောဒုံးပျံတစ် ခွေလုံး အတွက်ပေါ့။ ကိုစိုင်းလုံးကျောက် တစ်ပုဒ်ပါမယ်။ ကိုအောင် မြတ်က ကျန်တဲ့အပုဒ်တွေ ရိုက်မယ်။ ကိုဝင်းလွင်ထက် နဲ့လည်း ရိုက်ဖို့ရှိပါတယ်။ အခု လူငယ်အနုပညာ ရှင်တွေက အားလုံး ဖန်တီးနိုင် အောင် ကြိုးစားကြတယ်။ လွှမ်းပိုင်ကရော ကိုယ်တိုင် ဒါရိုက်တာလုပ်ဖို့ မရှိဘူးလား။ ကျွန်တော်က ဒါရိုက်တာရယ်လို့တော့ နာမည် မတပ်ဘူး။ ဘာလို့လဲဆိုတော့ ရိုက်ခဲ့တဲ့ အပုဒ်တွေ အားလုံးက ကျွန်တော့် Idea တွေပေါ့။ ကိုယ့် Idea နဲ့ပဲ ကိုယ်ရိုက် ကူးတယ်။ ဒါရိုက်တာတွေက တော့ ရိုက်ပေးတဲ့ သူဖြစ်တဲ့ အတွက် သူတို့ နာမည်တွေပဲ ကျွန်တော် တပ်ပါတယ်။ ထက်ထက် (Bobby Soxer) အပိုင်းမှာရော ကိုယ် ပါဝင် စီစဉ်ပေးခဲ့တာ ရှိလား။ အဲဒီလိုတော့ မစီစဉ်ပေး ခဲ့ဘူး။ ထက်ထက် အပုဒ်တွေက ဒါရိုက်တာတွေကပဲ စဉ်းစားတာ များတယ်။ ကျွန်တော့် သီချင်းတွေပဲ ကျွန်တော် Idea ပေးတယ်။ စီစဉ် ပေးဖြစ်တယ်။ Idea တွေက ဘယ်လို ထူးခြားမှုတွေ ရှိမလဲ။ ဘာတွေ ထူးခြားမလဲ ဆိုတော့ အခု ဘိုကေ ပြီးပြီ။ Baby Girl ပြီးပြီ။ LCD ပြီး ပြီ။ အားလုံးကို အဆိုကတ် တွေနဲ့ နေရာနည်းနည်းနဲ့ မတူ ညီအောင်တော့ ကြိုးစားပြီး ရိုက်ထားတယ်။ ဘိုကေ မှာ ဆိုရင်လည်း ပရိသတ်အမြင် ဆန်းမှာပါ။ အကောင်းဆုံး လုပ်ထားတယ်။ LCD ဆိုရင်လည်း ပရိသတ် ကြည့်လိုက်တာနဲ့ ရယ်ရတယ်။ တ၀ါးဝါး ရယ်ရအောင် လုပ်ထားတယ်။ Idea တွေကိုတော့ မပြောပြဘူး။ အနုပညာ တန်ဖိုး တစ်ခုခု ဒါမှမဟုတ် အရည်အသွေး တစ်ခုခုကို ပြနိုင်မယ့် ပုံစံမျိုးနဲ့ လုပ်ထားတဲ့ အရာတွေပါမလား။ သီချင်း တစ်ပုဒ်ချင်း ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တေးစီးရီး တစ်ခုလုံးကိုခြုံပြီးပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလိုအရာနဲ့ ခံစားမှုနဲ့ ဆိုရင်တော့ ဒုံးပျံ ကိုပဲ ပြောရပါလိမ့်မယ်။ ဇာတ်လမ်းတွေ၊ ပုံစံတွေ၊ ဖရိန်တွေတော့ အကုန်ချပြီးပြီ။ သရုပ်ဆောင်လိုက်ရှာမယ်။ ပြီးတော့ ဒီထဲမှာ ကပ်စတင်ချမယ့်သူတွေ အဲဒါတွေကို လိုက်ရှာမယ်။ ပြီးရင် ရိုက်မယ်။ အဲဒီတစ်ပုဒ်ကိုတော့ ပရိသတ်ကြည့်လိုက်ရင် တစ်ခုခုတော့။ တစ်ခုခု ဆိုတာ နောက်ဆုံး အဆုံးသတ်လေးမှာပေါ့။ တစ်မျိုးလေးပေါ့။ လွတ်လပ်ခြင်းနဲ့ နွေးထွေးမှုအရသာ ပေါ်လွင်အောင် ကျွန်တော်နဲ့ ဒါရိုက်တာနဲ့ ကြိုးစားပြီး ရိုက်မယ်။ ဒုံးပျံ တို့ ဘိုကေတို့ ဆိုတဲ့ သီချင်းတွေက အသံနဲ့ ပရိသတ် လက်ခံမှု ရထားပြီး သားဆိုတော့ အရုပ်နဲ့ ထပ်ပြရမယ့် နေရာမှာ အသံနဲ့ အောင်မြင် ထားတာကို ထပ်ကျော်ဖို့ အတွက် အခက်အခဲ ရှိမယ်လို့ စိုးရိမ်မိလား။ ဒုံးပျံတို့ ဘိုကေ တို့က အခု မေးလိုက်သလို အရုပ်နဲ့ ပရိသတ် လက်ထဲ ရောက်ဖို့ တာဝန်ပိုကြီး ပါတယ်။ ကျွန်တော်တို့ အရုပ်ထည့်ရတယ် ဆိုတာက အသံနဲ့ ဆိုရတာထက် ပိုပြီး ခက်ခဲတယ်။ ပြောရမယ်ဆိုရင် အချိန်လည်း ပိုကုန်တယ်။ ပိုက်ဆံလည်း ပိုကုန်တယ်။ ကျွန်တော်တို့ အရင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ ချစ်တယ်၊ မုန်းတယ် ဗီစီဒီထဲကဟာတွေ ဆိုရင်လည်း အဲဒီတုန်းက ကျွန်တော် အကောင်းဆုံးရိုက်ချင် ခဲ့တယ်။ ဒါပေမဲ့ ပရိုဂျူဆာ ဘတ်ဂျက် မပြည့်တာတို့ ဘာတို့ပေါ့။ အဲဒီ ကိစ္စမျိုး အမြဲဖြစ်ခဲ့တယ်။ ကျွန်တော့် ဒီအခွေ (ဒုံးပျံ) ကတော့ တစ်ကိုယ်တော်ခွေ မဟုတ်ရင်တောင် ကျွန်တော်တို့ တစ်ကိုယ်တော်ခွေပါပဲ။ ငွေလိုနေရင်လည်း စိုက်ထုတ်လိုက်တယ်။ ပရိုဂျူဆာဆီကလည်း ကောင်းတယ်။ ကျန်တာ ကျွန်တော်လည်း စိုက်တယ်ပေါ့။ အဓိကကတော့ ကျွန်တော့် အနုပညာကို ပုံပေါ်အောင်လို့ပါ။ လွှမ်းပိုင်တို့ခေတ်က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတွေ များလာတယ်။ အောင်လည်း အောင်မြင် လာကြတယ်။ အခု ဒီအခွေရဲ့ လွှမ်းပိုင် အပိုင်းမှာဆိုရင် ဒုံးပျံ နဲ့ ဘိုကေပေါ့။ ဒီသီချင်းတွေကို စတင်ရေးစပ်ပြီး သီဆိုကြည့်လိုက် ကတည်းက အောင်မြင် လိမ့်မယ်လို့ ထင်ခဲ့လား။ ဒီသီချင်းတွေအပေါ် ခံစားမှုဆိုရင် ဘိုကေ ပေါ့ နော်။ ဘိုကေ သီချင်းကို စရေးစပ်တုန်းက ကြိုက်တယ်။ အရမ်းကြိုက်တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေကို လိုက်ဖွင့်ပြတော့ အဲဒီမှာ သူတို့က သိပ်မကြိုက်ဘူး။ အဲဒီတော့ သူတို့ မကြိုက်တော့ ကျွန်တော်လည်း မကြိုက် တော့ဘူး။ ဒုံးပျံ ကိုတော့ ကျွန်တော် ရေးကတည်းကလည်း ကြိုက်တယ်။ သူငယ်ချင်းတွေကလည်း ကြိုက်တယ်။ အရမ်းကြိုက်တယ်။ အဲဒီတော့ ကျွန်တော့်အထင် က ဘိုကေ နဲ့ ဒုံးပျံ မှာ ဒုံးပျံက ပိုပေါက်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တကယ်အခွေ ထွက်အပြီးမှာတော့ ဘိုကေက အသံ ပိုကြားရတယ်။ အဲဒါ အံ့သြစရာကောင်းတယ်။ ပထမတုန်းကဆို ဘိုကေ ကို အခွေထဲကနေ ဖြုတ်ဖို့တောင် စဉ်းစားထားတယ်။ သီချင်းတွေက ပုံစံတူ နေပြီး အမြူးတွေ အရမ်းများ တယ်ဆိုပြီး စဉ်းစားခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲ ဘိုကေက အဲဒီလိုဖြစ်သွားတယ်။ ဒုံးပျံ ကိုတော့ ပေါက်မယ့် သီချင်းအဖြစ် နဂိုကတည်းက ခံစားမိတယ်။ အဲဒီလိုပုံစံနဲ့ ခံစားမှုတွေ အရင်ကလည်း ကြုံခဲ့ဖူးပါတယ်။ ဒုံးပျံ အခွေ ကတော့ သီချင်းလည်းများ တယ်။ ပြီးတော့ ဒုံးပျံ ထဲမှာ ကျွန်တော် ထင်ထားတဲ့ နောက်တစ်ပုဒ်က LCD ပေါ့။ သူလည်း ထင်သလောက် မသွားဘူး။ ဘိုကေ လောက် မသွားဘူး။ အဲဒီသီချင်းကို ကျွန်တော် သီချင်းတစ်ပုဒ် သွားသလောက် ရောက်သင့် သလောက်အထိ အရမ်း ရောက်စေချင်တာ။ ဒါပေမဲ့ အဲဒီ သီချင်းက ထင်သလောက် မသွားဘူး ဖြစ်နေတယ်။ ဘိုကေ သီချင်း ပုံစံနဲ့ စာသားတွေက နည်းနည်း ထူးဆန်းနေတယ်လို့ ထင်တယ်။ ဒုံးပျံကလည်း သူ့ပုံစံနဲ့သူ သွားထားပြီး ပုံစံတူတယ် ထင်ရပေမဲ့ တကယ် နားထောင်ကြည့်ရင် သိပ်မတူဘူး။ အခုလို ပရိသတ်ကြိုက် သီချင်းတွေကို ဘယ်လိုခံစား ရေးစပ်တယ် ဆိုတဲ့ အကြောင်းလေးလည်း မျှဝေပေးပါဦး။ ဘိုကေ ကို ရေးစပ်ဖြစ်တဲ့ အကြောင်းက ကျွန်တော် စဉ်းစား မိသွားတာ။ ကျွန်တော် ငယ်ငယ် လေးကတည်းကလည်း အဲဒီ စကားလေးက ရှိနေခဲ့တာ။ အမှန်တော့ ခေတ်က တစ်ပတ် ပြန်လည် နေတာပေါ့နော်။ ငယ်ငယ်က ဆံပင်ညှပ်ဆိုင် သွားရင် ပြောကြတယ်။ ဘိုကေ ပဲညှပ်ပေး။ အဲဒီ စကားလေးကို အရမ်း သဘောကျနေတာ။ ကျွန်တော်က ဆံပင် ညှပ်တာကို အရမ်း ၀ါသနာပါတယ်။ ဆံပင်ကိုလည်း ထူးထူးဆန်းဆန်း ညှပ်လေ့ရှိတယ်။ အဲဒီစကားကို စဉ်းစားမိပြီး ရေးတယ်။ ဒုံးပျံ ကျတော့ ဒုံးပျံ ဆိုတဲ့ စကားလုံးကို သဘောကျလို့။ ဒုံးပျံ ဆိုတာက လျင်မြန်တယ်။ ပေါက်ကွဲ အားကောင်းတယ်။ အဲဒီ စာသားကို ကြိုက်လို့ ကျွန်တော်ကလည်း ကျွန်တော့် ကိုယ် ကျွန်တော် “ဒုံးပျံ” လို့ တင်စားပြီး ရေးစပ်တာ။ လူငယ် ဆိုတာကတော့ လူငယ်ပီပီ တွေးကြ၊ ရေးကြ မှာပါပဲ။ ဒါပေမဲ့ လွှမ်းပိုင်က သီချင်း ရေးတဲ့နေရာမှာ လူ ငယ် ပီသတဲ့ စိတ်ဓာတ်အပြင် ဘယ်လိုဦးနှောက်၊ ဘယ်လို နှလုံးသားနဲ့ ရေးစပ်လဲ။ သီချင်းလုပ်ပြီဆိုရင်တော့ အဓိကက အကြောင်းအရာက တော့ လူငယ်အကြောင်းအရာ ဖြစ်မယ်။ နောက်ပြီးတော့ Music ပိုင်းကလည်း လူငယ် ပုံစံဆိုပေမဲ့ သေချာပြန်တီး ရပါမယ်။ အကြောင်းအရာ ကို လူငယ်ဆန်ပြီး စာသားကို ရဲရဲဝံ့ဝံ့ ရေးရပါတယ်။ အဓိက အနေနဲ့ လူငယ်အကြောင်း အရာကို တွေးပြီး လူကြီးလို ရေးရပါတယ်။ များသောအားဖြင့်က Hip Hop မှာ Rap ဆိုရင် Rap ပဲရွတ်ပြီး Melodic ပိုင်းဆိုရင် လည်း Melodic ပေါ့။ ဒါပေမဲ့ လွှမ်းပိုင်က ၂ မျိုးစလုံး ကို တစ်ပြိုင်နက်တည်း သွားတယ်။ မဝေးဘူး သီချင်း ဆိုရင်အစပိုင်းမှာ အေးအေးလေးနဲ့ မယ်လိုဒီနဲ့ သွားထား တာမျိုးပေါ့။ ဒါက ၂ မျိုး စလုံးကို ပိုင်နိုင်တယ်ဆိုတာ ပြချင်တာလား။ ကိုယ်နှစ် သက်လွန်းတဲ့ပုံစံနဲ့ လျှောက်ခဲ့တာလား။ မယ်လိုဒီ ဆိုတာက ကျွန်တော် ဟိုးအရင်ကတည်း ကဆိုနေကျပါ။ ဂီတ လောကထဲ မရောက်ခင် ကတည်းက မယ်လိုဒီဆိုတာက ကျွန်တော် လုပ်နေကျ အလုပ်ပါ။ ပြီးတော့ ကျွန်တော့် စိတ်ထဲမှာ ရှိတာက Featuring ခေါ်ဆိုရတာ ကောင်းတဲ့ဟာက ကောင်းတယ်။ မကောင်းတဲ့ဟာကျ မကောင်းဘူး။ ကိုယ်လိုချင် တဲ့ Mood ကို သူက မသိဘူး။ ဒီသီချင်းကို ကိုယ်တိုင်ရေးတော့ ကိုယ်တိုင်ပဲသိတဲ့အတွက် ကိုယ့်ဟာကိုယ်ပဲ ဆိုဖြစ်တာ များသွားတယ်။ အခု လက်ရှိရော ဘယ်လို သီချင်း ပုံစံတွေရေးဖြစ်နေလဲ။ ကျွန်တော့် တစ်ကိုယ်တော်ခွေ အတွက် ရေးဖြစ်နေတယ်။ မတူတဲ့ ပုံစံနဲ့ သီချင်းတွေပေါ့။ အကြောင်းအရာ တူမယ် ဆိုရင်တောင် တင်ပြပုံ မတူတာမျိုးတွေပေါ့။ ပရိသတ်ကြီးအတွက် သီချင်းအသစ်တွေ ပြန်လုပ်နေတာ ၇ ပုဒ် လောက်ရပါပြီလို့။ အခု ကျွန်တော် ရွေးထားတာတွေက သူငယ်ချင်းသီချင်းပုံစံမျိုးတွေ ပါမယ်။ တစ်ရာတန်လို သီချင်းပုံစံတွေပါမယ်။ ဘိုကေ လိုဟာလေးတွေပါ မယ်။ မဝေးဘူး လိုမျိုး သီချင်းချိုချိုလေးတွေပါမယ်။ ဒုံးပျံ တေးစီးရီးမှာ လွှမ်းပိုင်နဲ့ Bobby Soxer အတွဲကို ပရိသတ်က လက်ခံတယ်။ အသိအမှတ် ပြုကြတယ်။ ဒါပေမဲ့ နောက်တစ်ခွေက အတွဲ မဟုတ်တော့ဘဲနဲ့ တစ်ကိုယ်တော်ဆိုတော့ ဘာကြောင့်လဲဆိုတာ သိချင် တယ်။ ပြီးတော့ ၂ ယောက် တွဲတစ်ခွေပဲ ထွက်ထားတာ ဆိုတော့ ဒီ ၂ ယောက်တွဲ အားကိုရော ထပ်မယူတော့ ဘူးလား။ ၂ ယောက်တွဲ အင်အား ထပ်မယူတော့ဘူးလား ဆိုတော့ ပထမကတည်းက ကျွန်တော် နဲ့ သူနဲ့က တစ်ယောက်စီ တစ်ကိုယ်တော် လုပ်ကြမလို့ ပါ။ ဒါပေမဲ့ နောက်ကျတော့ Solo ခွေ လုပ်ရတာ ရှုပ်ပါတယ်။ အကောင်းဆုံးသီချင်းတွေ ပေါင်းထုတ်လိုက်မယ် ဆိုပြီး ရည်ရွယ်ပြီး လုပ်ခဲ့တာ။ အခု ကျတော့ Solo လုပ်ဖို့ ကိုယ့် ကိုယ်ကို အချိန် တန်ပြီလို့ ထင်တယ်လေ။ ကျန်တာက ဘာမှ မရှိပါဘူး။ အရင်က လွှမ်းပိုင်နဲ့ အခု ဒုံးပျံ အခွေ ထွက်ထားပြီးတဲ့ လွှမ်းပိုင် ဘာတွေကွာခြား သွားပြီလဲ။ ဘယ်လိုပုံစံနဲ့ ဆက်လျှောက်ဖို့ အစီအစဉ်တွေ ချထားပြီလဲ။ အရင်တုန်းက ပုံစံ အတိုင်းပါပဲ။ လွှမ်းပိုင်က ဒုံးပျံ မထွက်ခင်တုန်းက လွှမ်း ပိုင် စိတ်ဓာတ်ပါပဲ။ သီချင်း တွေကို အကောင်းဆုံးဖြစ် အောင် လုပ်မယ်။ ပရိသတ်ကို အကောင်းဆုံးဖြစ်ပြီ ဆိုမှ ချပြမယ်။ အဲဒီက နေပြီးတော့ မှ အောင်မြင်မှု အသီးအပွင့် တွေကို ကျွန်တော် နားထောင်မယ်။ ခံစားမယ်။ ဒါပါပဲ ကျွန်တော့် စိတ်ဓာတ်ကတော့ အခုအချိန်ထိလည်း အဲဒီ အတိုင်းပါပဲ။ သီချင်းတွေက လွှမ်းပိုင်ရဲ့ ဘ၀ရဲ့ဘယ်လို အစိတ် အပိုင်းလဲ။ သီချင်းတွေကို ဘယ်လောက်အထိ ဖက်တွယ် သွားမလဲ။ သီချင်းတွေက ကျွန်တော့် ဘ၀အတွက် မေဂျာပါပဲ။ အဓိကကတော့ သီချင်းတွေ ရေးနေဦးမယ်။ ပရိသတ် လက်ခံနေသရွေ့ သီချင်းတွေ ဆက်လုပ် သွားမယ်။ ပရိသတ် လက်ခံအောင် အမြဲ ကြိုးစားသွားမယ်။ လွှမ်းပိုင်က ဒုံးပျံ တေးစီးရီး ဗီစီဒီထဲက သူ့ရဲ့သီချင်းတွေတိုင်းမှာ ပါဝင် သရုပ်ဆောင်ဖို့ အသေချာဆုံး သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်အကြိုက် အနုပညာရှင်တွေထဲက နာမည်ကြီး အနုပညာရှင်တွေကိုလည်း ထည့်သွင်း သရုပ်ဆောင် စေမယ်လို့ ဆိုပါတယ်။ ဒုံးပျံ ဗီစီဒီအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ လွှမ်းပိုင်က “ဒီနှစ်က ၂၀၁၂ ခုနှစ် ဆိုတော့ စောပါသေးတယ်။ ၂၀၁၃ ခုနှစ် ကျရင်တော့ Solo ခွေထွက်ပြီးတဲ့ အချိန် ကျရင် ပရိသတ်ကို အကြီးမားဆုံး တစ်ခု လုပ်ပြဖို့ ပေးဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ မသေချာသေး တော့ သေချာ မပြောချင် သေးဘူး” လို့လည်း သူ့ပရိသတ်စိတ်ဝင် စားအောင် တစ်ကြိုသတင်း ပေးသွားခဲ့ပါသေးတယ်။ သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

To ... Kg Ma Lay Vocalz & Lyricz >>> AggaMoe Vs JPhyo(TriBle-B) Performed By JPhyo(TriBle-B) U Can Download to listen here>>>

ဂျေဖြိုးရဲ့သီချင်းအသစ်လေးပါ To ... Kg Ma Lay Vocalz & Lyricz >>> AggaMoe Vs JPhyo(TriBle-B) Performed By JPhyo(TriBle-B) U Can Download to listen here>>> Download

Sep 23, 2012

Stop War fOr all....!!

D.o.D ၇ဲ့ သီချင်းအသစ်ပါ Title - ( Bit Snakez ) ... Prod bY B-Boi

D.o.D ၇ဲ့ သီချင်းအသစ်ပါ Title - ( Bit Snakez ) ... Prod bY B-Boi
ဒီမှာဒေါင်းလော့ဆွဲပါ

0 6 First Mixtape Of S.O.S (Supreme Of Street)

MUSIC AND LIFE ( MC AMT , OKH ft. Iconic Nyimin )

FUCK J Ki - Lil.BN , MC Phyo Lay

FUCK J Ki - Lil.BN , MC Phyo Lay
Download ဆွဲရန်

ခဏပဲ ဝေးမယ်-Roll one ft. D.O.K(Dyno), Thiha(Dyno)

ခဏပဲ ဝေးမယ်-Roll one ft. D.O.K(Dyno), Thiha(Dyno)
Download ဆွဲရန်

G to da 3 - G3 (James,NyanHtet,Tharxsoe)

G to da 3 - G3 (James,NyanHtet,Tharxsoe)
Download ဆွဲရန်

Sep 18, 2012

ညီမလေး @Download

[Vietsub] Gangnam Style - PSY (Chipmunk ver.)

ဂျက်စတင်ဘီဘာ ထက်လူကြိုက်များနေသောလက်ရှိကိုရီးယားအဆိုတော်..........^_^

'Gangnam Style' Singer Psy -- Genital Thrusting NEW Dance Move

ဂျက်စတင်ဘီဘာ ထက်လူကြိုက်များနေသော ကိုရီးယားအဆိုတော်...

Sep 17, 2012

ငြိမ်းချမ်းပါစေရခိုင်မြေ

ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးအတွက်ဘက်ပေါင်းစုံကမတတ်နိုင်ပေမယ့်တတ်နိုင်တဲ့ဘက်ကတတ်နိုင်သလောက်လုပ်ကြည့်လိုက်ပါတယ်.



ဒီမှာနှိပ်ပြီးဒေါင်းလော့ဆွဲပါ


Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး