Jan 12, 2013

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ခမ်းခမ်း နားနား ကျင်းပမယ် ဆိုတဲ့ ရဲလေး


လူတိုင်း ကတော့ ကိုယ်လုပ် ထားတဲ့ အရာတစ်ခုရဲ့ အကျိုး သက်ရောက် မှုကို မျှော်လင့် ကြတာပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ Gate Way Family ရဲ့ နံပါတ် (၁) ဦးစားပေးစီးရီးနဲ့ ပတ်သက်ပြီး အရမ်း မျှော်လင့်မထားဘူး။ ဘာလို့လဲဆိုတော့ မျှော်လင့်သလောက် ဖြစ်မလာရင် အရမ်း ပင်ပန်းတယ်။ စိတ်ဒုက္ခ ရောက်တယ်။
ကျွန်တော့်ရဲ့“ရကောက်ဘဝအဖြစ် နေထိုင်ခြင်း” အခွေကိုလည်း သိပ်မဝေးတော့တဲ့ နှစ်ဦးပိုင်းမှာ ချပြနိုင်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ အဲဒီစီးရီး ပြီးရင်တော့ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ရှိုးကို ရန်ကုန်မှာရော၊ မန္တလေးမှာပါ ခမ်းခမ်းနားနား ကျင်းပသွားမယ်။ နောက်ပြီး DOUBLE BLACK ဆိုတဲ့ Entertainment တစ်ခု ကျွန်တော်တို့ လုပ်နေပါတယ်။ GATE WAY ခွေကိုလည်း DOUBLE BLACK ကနေပဲ ကျွန်တော်တို့ လုပ်ထားတာပါ။ ဒီ Entertainment တစ်ခု လုပ်ဖို့ လွန်ခဲ့တဲ့ (၃) နှစ်ကတည်းက ကျွန်တော် စိတ်ကူးခဲ့တာ။ အခု လုပ်လို့ရတဲ့ အခြေအနေ ရောက်လာပြီဆိုတော့ လုပ်ဖြစ်ပြီး အကောင်အထည် ပေါ်လာတာပေါ့။

ကိုယ်ပိုင် အရည်အချင်း ရှိပြီး မိဘကို လုပ်ကျွေးနေတဲ့ ကလေးတွေကို ကျွန်တော့် Entertainment ကနေ မြေတောင် မြှောက်ပေးချင်တယ်။ တကယ့် ပညာကို လိုလိုလားလားနဲ့ စုဆောင်းတဲ့ သူမျိုးကို ကျွန်တော်ကိုယ်တိုင် လုပ်နေသလိုမျိုး ကျွန်တော့် နီးပါးလောက်ကို ပံ့ပိုးပေးသွားမှာပါ။ ဇာတ်ကား ရိုက်ကူးမှု အပိုင်းမှာလည်း သမားရိုးကျ ပုံစံတွေနဲ့ မတူဘဲ ကွဲထွက်နေတဲ့ ဇာတ်လမ်းမျိုး ရိုက်ဖို့ရှိတယ်။ ဘယ်လိုပုံစံမျိုးလဲ၊ ဘယ်တော့လဲ ဆိုတာကိုတော့ ကျွန်တော့်ရဲ့ အကျင့်အတိုင်း လျှို့ဝှက်ထားဦးမယ်”။

0 comments:

Post a Comment

Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်

Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး