Jan 12, 2013

ကျောင်းအားလပ်ရပ်တွေမှာ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်တဲ့ ထက်ထက် @ Bobby Soxer

Q. ဒုံးပျံသီချင်းခွေ Album ထဲမှာ ထက်ထက်ရဲ့ အကြိုက်ဆုံးသီ ချင်းက..

A. အကုန်လုံးနီးပါးကြိုက်ပါ တယ်။ ဒါပေမဲ့ "စွာတေးလန်"တို့၊ အချစ်သီချင်း ဘက်မှာဆိုရင် "ယုံကြည် လိုက်"တို့ကို ပရိသတ်တွေက ကြိုက် ကြတယ်။ အဲဒီသီချင်းတွေကို MTV ရိုက်တဲ့ အခါကျတော့ ခေါင်းနည်း နည်း ပိုစား တယ်။ အဓိကကတော့ ဒါရိုက်တာနဲ့ပဲ တိုင်ပင်ပြီးလုပ်ဖြစ်ပါ တယ်။

Q. Rapper ကောင်မလေး ထက်ထက်အတွက် Rapping စာ သားတွေရွတ်ရတာကို လေ့ကျင့်ခဲ့ ရပုံ..

A. ထက်ထက် အထူးတလည် မလေ့ကျင့်ခဲ့ရပါဘူး။ တချို့ပရိသတ် တွေက မေးကြတယ်။ ထက်ထက် စာအံတာမြန်လားတဲ့။ ဟီး..ဟီး။ စာအံတာမြန်တယ်ဆိုတာ စာရမှလေ။ ထက်ထက်က စာမှမရတာ။ စာအံတာမမြန်ပါဘူး။ ဒီလိုပဲ ထက် ထက်က စကားပြောတာမြန်တယ် လေ။ အဲဒီလိုနဲ့ Rapping စာသား တွေ မြန်မြန်ရွတ်တတ်လာတာပါ။

Q. ထက်ထက် ဘယ်လိုရုပ်ရှင် ဇာတ်ကားမျိုးတွေကြည့်ဖြစ်လဲ။

A. ထက်ထက် ဟာသကား တွေပဲကြည့်ဖြစ်တယ်။ သရဲကားကို တော့ ကြည့်တော့ကြည့်ဖြစ်ပါ တယ်။ အရမ်းကြမ်းတဲ့ကားကိုတော့ အောက်ကစာသားပဲဖတ်ဖြစ်တယ်။ အပေါ်ကိုလက်နဲ့ကာထားတယ်။ (ရယ်လျက်)။ သရဲကားတွေက ကြည့်လည်းကြည့်ချင်တယ်။ မကြည့် ရင်လည်းမနေနိုင်ဘူး။ ကြည့်ပြီးရင် လည်း အိပ်မက်ထဲ အထိပါပါလာ တယ်။ ထက်ထက်က စိတ်စွဲလွယ်လို့။ အရမ်းကြောက် ဖို့ကောင်းတဲ့ကား တွေဆို မကြည့်ဖြစ်ပါဘူး။

Q. ထက်ထက်လိုချင်တဲ့ရည် မှန်းချက်ရောက်ပြီး Professional Singer တစ်ယောက်ဖြစ်ပြီဆိုရင် ရုပ်ရှင်ကားတွေရိုက်ဖို့ရော စိတ်ကူး ရှိလား။ရိုက်မယ်ဆိုရင် ဘယ်လို Character မျိုးရိုက်ချင်သလဲ။

A. အဲဒါကြီးက အရမ်းအဝေး ကြီးလိုတဲ့မေးခွန်းတစ်ခုပါ။ ထက် ထက်မစဉ်းစားတတ်သေးဘူး။ သူ့ ဟာနဲ့သူပေါ့။ ကိုယ်က သရုပ် ဆောင်တစ်ယောက်လုပ်မှသာ အဲဒီ လိုတွေစဉ်းစားတတ်လာမယ်လို့ထင် တာပဲ။ (ပြုံးလျက်)

Q. ထက်ထက် တက္ကသိုလ်ပြန် ဖွင့်တဲ့အချိန်တွေရောက်လာပြီဆို တော့ ဘယ်လိုမျိုးလေးတွေအနုပ ညာပိုင်းအတွက် အစီအစဉ်ဆွဲဖြစ် သလဲ။

A. ကျောင်းစာအားလပ်ချိန် ဆိုရင် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေအ တွက် အချိန်ပေးဖြစ်တယ်။ ကျောင်း ပိတ်ရက်လောက်တော့ အချိန်မပေး နိုင်ဘူးပေါ့။ အဲဒီလိုအချိန်မပေးနိုင် တဲ့အခါကျတော့ တန်းစီနေတာပဲ။ ရက်တွေလည်းရွှေ့ထားရတော့ စ နေ၊ တနင်္ဂနွေဆိုရင် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေအတွက်ပဲ ရိုက်ဖြစ်တာ ပေါ့။ တစ်ခါတလေကျတော့လည်း ထက်ထက်ရဲ့ MTV ရိုက်တာတို့၊ ရှိုးဆိုရတာမျိုးဆိုရင်တော့ မဂ္ဂဇင်း တွေကိုတော့ အချိန်မပေးနိုင်တော့ ဘူးပေါ့။ များသောအားဖြင့် ကျောင်း အားလပ်ရက်တွေမှာတော့ ထက် ထက်အတွက် အနုပညာကိုပဲ အချိန် ပေးပြီးကျောင်းအားလပ်ရက်ကုန် သွားတာများတယ်။

Q. ထက်ထက်အတွက် အချစ် ခံယူချက်ကရော...

A. ထက်ထက်အတွက် အချစ် ဆိုတာ တစ်ဖက်လူက ကိုယ့်ကိုပေး တဲ့ခံစားချက်ပေါ်မှာမူတည်ပြီး တစ် ယောက်နဲ့တစ်ယောက်က အချစ်ကို အဓိပ္ပာယ်ခံယူတာချင်းပြောင်းလဲ သွားမယ်လို့ထင်တယ်။ ကိုယ့်အ တွက် ခဏခဏစိတ်ညစ်စရာတွေ၊ စိတ်ရှုပ်စရာတွေပေးတဲ့လူတစ် ယောက်နဲ့သာကြိုက်မိပြီဆိုရင် အချစ်ကတော့ ဝမ်းနည်းစရာ ကောင်းတဲ့အရာဖြစ်သွားမှာပေါ့။ ကိုယ့်ကိုအရမ်းဂရုစိုက်၊ အရမ်းနား လည်ပေးတတ်တဲ့သူနဲ့သာကြိုက်မိ ပြီဆိုရင် အချစ်က အရမ်းပျော်ရွှင် စရာကောင်းမှာပါ။ အဲဒီလိုပဲ ကိုယ် နဲ့ကြုံရတဲ့တစ်ဖက်လူက ကိုယ့်အ ပေါ်မှာ ဘယ်လိုမျိုးခံစားချက်လေး တွေရအောင်လုပ်ပေးမလဲဆိုတာကို မူတည်ပြီး အချစ်ကပြောင်းလဲသွား မယ်လို့ ထက်ထက်ယုံကြည်တယ်။

Q. ထက်ထက် စိတ်ညစ်တဲ့အ ခါ၊ အရမ်းပျော်ရွှင်တဲ့အခါ ပြုမူဖြစ် တဲ့ပုံစံလေးက..

A. အင်း အရမ်းကြီးစိတ်ညစ် နေပြီဆိုရင် ထက်ထက် အိပ်တတ် တယ်။ အရမ်းပျော်ရွှင်နေပြီဆိုရင် တော့ ဒီလိုပဲစိတ်ထဲမှာပျော်တာပေါ့။ ရုပ်ရှင်ကားတွေထဲကလိုတော့ ခုန် ပြီးမပျော်ရွှင်တတ်ပါဘူး။

Q. ထက်ထက်ကိုအားပေးတဲ့ ပရိသတ်တွေအတွက်..

A. အားပေးတဲ့ပရိသတ်တွေ ကို ထက်ထက်ကျေးဇူးအများကြီး တင်ပါတယ်။ ဒုံးပျံ VCD အတွက် ထက်ထက် အများကြီးကြိုးစားပြီး ရိုက်ကူးနေပါတယ်လို့။

0 comments:

Post a Comment

Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်

Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး