Interviewer : Hip-2 နဲ့တွေ့တဲ့အချိန် သူတို့ကို ဘယ်လိုမြင်လဲ။
Snare : သူတို့ကိုမြင်တော့ကြည့်လိုက်တယ်။G-Family ထဲကအရှုပ်ထုပ်တွေပေါ့။စတွေ့တုန်းကတော့ ကြိုက်တယ်။အခုမကြိုက်တော့ဘူး။ (ရယ်လျှက်)
Interviewer : Hip-2 ကကော Snare ကို ဘယ်လိုမြင်လဲ။
Hip-2 : ကောင်းတာပြောရမယ်ဆိုရင်တော့ သူတို့နှစ်ယောက်က အရမ်းညီတယ်။ မကောင်းတာပြောရမယ်ဆိုရင် ဒီကောင်နှစ်ကောင် အရမ်းအပျင်းကြီးတယ်။ နောက်ပြီး Celebrity ဆိုပေမဲ့လဲ Celebrity စိတ်မရှိဘူး။ ရပ်ကွက်ထဲမှာ လျှောက်သွားတယ်။အရက်သောက်တယ်၊သွားတယ်၊လာတယ်။ဟိတ်ကြီး ဟန်ကြီးမရှိတာကောင်းတဲ့အချက်ပေါ့။
Interviewer : Snare အနေနဲ့ Hip-2 ကို ဘာတွေဝေဖန်ချင်လဲ။
Snare : ကျွန်တော်တို့ကျတော့ အလုပ်မလုပ်ဘူး။သီချင်းတခုပဲ လုပ်တယ်။ သူတို့က ကျတော့အလုပ်လုပ်တယ်။အဲဒီအတွက် တဖက်မှာအချိန်တွေအများကြီးပေးထားရတော့သီချင်းကို သိပ်မလုပ်ဖြစ်ဘူး။အဲတာ တခုတော့ ရှိတာပေါ့နော်။သူတို့ကိုကြိုက်တာက ကျတော့ အရေးကြီးပြီဟေ့ ဆိုရင် ရှိသမျှဟာ အကုန်လုံး ပစ်စလက်ခတ်ကို ပစ်ထားပြီး ဒီရုပ်တွေကို လာတွေ့ကြတယ်။အရေးကြီးရင် အရမ်းသွေးစည်းတယ်။မကြီးတဲ့အချိန်ကျ တယောက်နဲ့ တယောက် အဖတ်လဲမလုပ်ဘူး။ဘာမှ မလုပ်ဘူး။
Interviewer : Hip-2 အနေနဲ့ကော Snare ကို ဘာတွေဝေဖန်ချင်လဲ။
Hip-2 : သူတို့ကိုမကြိုက်တာတော့ မရှိပါဘူး။ဒီကောင်တွေ အောင်မြင်လာတဲ့အခါမှာ ခေတ်ကို လိုက်ပြောင်လိုက်သလိုပါ ဖြစ်သွားတယ်ဗျ။အထာတွေ အစပေါ့။ နေ၀င်း ဆိုရင် အထာကြီးက ဦးနေ၀င်းကြီး ပေါ့ဗျာ။ နေ၀င်း ဆိုရင် တခုရှိတယ်။ အခုအချိန်ထိ အကျီ အကြီး ကြီးတွေဝတ်တုန်းပဲ။ ကျွန်တော်တို့ ပြောတာလဲ လုံးဝ မရဘူး။ အကျီအသေးဝတ်ရင် သူ့ ကိုယ် သူ နေ၀င်း မဟုတ်တော့ဘူးပေါ့။
Interviewer : Show ပွဲမှာ Hip-2 ရဲ့ Performance က.....။
Snare : Hip-2 က ကျတော့ စင်ပေါ်ရောက်ရင် စိတ်ထဲမှာ Pressure နည်းနည်းထည့်တယ်။ ချိုကြီး ဆိုရင် စင်ရှေ့ ကို သိပ်မထွက်ချင်ဘူး။ Pressure များများ ၀င်သွားရင် မဆိုတော့ဘူးလုပ်တာ။ အခုနောက်ပိုင်း အဲတာမျိုး မရှိတော့ပါဘူး။ ငချမ်း ကတော့ ကြိုက်တဲ့အချိန်ကြည့်လိုက် Rapper အိုင်တင် ကတော့အပြည့်ပဲ။တစ်ကောင် ကို တမျိုးဆီ ပိုင်ဆိုင်ကြတယ်။ မကြိုက်တာကတော့ တချက်တချက် ထင်ရာစိုင်းတတ်ကြတယ်။ မူးလာရင် ဟိုရမ်း ဒီရမ်းနဲ့ ဘယ်လိုမှ တားမရဘူး။
Interviewer : Show ပွဲမှာ Snare ရဲ့ Performance က.....။
Hip-2 : သူတို့ က စင်ပေါ်မှာ လုပ်ရဲ ကိုင်ရဲတယ်။အောက်က ပရိတ်သတ်တွေ ကိုလဲ ရှိတယ်လို့တောင်မထင်ဘူး။လုပ်ချင်တာတွေ လုပ်ပစ်ရော။ အကွက်တွေ ကစားတယ်။ ဒီကောင်တွေ Performance က အရမ်းမိုက်တယ်။ က တဲ့ ဒီဇိုင်းတွေက ဘယ်လိုပြောရမလဲ။ အသစ်ကြီးဗျာ။ ဘယ်သူမှ စင်ပေါ်မှာ မက ရဲတဲ့ပုံစံနဲ့။ ၀တ်တာတွေကလည်း ကြောင်ကြောင် ကျားကျား ပြူးပြဲနေတာ ရွှေဆွဲကြိုးကြီးတွေနဲ့ မျက်မှန် အကြီးကြီးတွေနဲ့..။
Interviewer : ဒီ စာမျက်နှာကနေ Snare အနေနဲ့ Hip-2 ကို ဘာများ ပြောချင်ပါသလဲ။
Snare : ဒီကောင်တွေ က ဘာလုပ်လုပ် တခုခုလုပ်ပြီဆိုရင် အပြတ်အသတ် လုပ်တယ်။
Interviewer : ဒီ စာမျက်နှာကနေ Hip-2 အနေနဲ့ကော Snare ကို ဘာများ ပြောချင်ပါသလဲ။
Hip-2 : ဒီကောင်တွေ အလုပ်တခု လုပ်ရင် ပီပြင်တယ်။ ဒီလောက်ပါပဲ။













Myanmar Kyat Converter
0 comments:
Post a Comment
Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်