Feb 22, 2013

တစ်ကိုယ်တော်ခွေ ထွက်နိုင်အောင် ကြိုးစားနေသူ စောညီညီ (Too Big)


Myanmar Hip Hop Artist Saw Nyi Nyi,Myanmar Hip Hop News

ဟစ်ဟော့ပ် ဂီတကို မြန်မာနိုင်ငံ မှာ မျိုးစေ့ချပေးခဲ့ သူတွေထဲက တစ်ဦး အပါဝင်ဖြစ်သူ စောညီညီ ကို တွေ့ဆုံခိုက် ပရိသတ်တွေ နဲ့ အလှမ်း ဝေးနေတဲ့ အတွက် ဘာတွေ လုပ်နေလဲလို့ မေးကြည့်တော့ “တစ်ကိုယ်တော် အခွေထွက်နိုင်အောင် ကျွန်တော် ကြိုးစားနေပါတယ်။ သီချင်း ၃ပုဒ်လောက် တော့  Demo အနေနဲ့ ပြီးသွားပါပြီ ။ မြန်မယ် ဆိုရင် ၂ဝ၁၃အကုန်လောက် ဖြစ်မှာပါ။ Old Skool ကတော့ များမှာပါ။ ကျွန်တော် ကြိုက်တဲ့အရာ ဖြစ်တော့လေ။ အခွေထဲ မှာတော့ ပေါ့ပ် ဆန်တဲ့ ပုံစံမျိုးတွေ၊ ရော့်ခ်ဆန်တဲ့ ပုံစံမျိုးတွေ၊ ဒန့်စ်ဆန်တဲ့ ပုံစံမျိုးတွေ အကုန်လုံး အရောလေးတွေပေါ့။ အခွေခေါင်းစဉ် ကိုတော့ “မိမိကိုယ်ကို ဆန်းစစ်ခြင်း” လို့ အမည်ပေး ထားပါ တယ်” လို့ ပြောပါတယ်။
    ဂီတလောက အခြေအနေနဲ့ လက်ရှိ ဟစ်ဟော့ပ်လောကက လူငယ်တွေရဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း စောညီညီက “အခုလက်ရှိ ကျွန် တော်မြင်နေတာ ကတော့ ဟစ်ဟော့ပ် လောက သိပ်ကို အားရစရာ ကောင်းပါတယ်။ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အတွက် ဆိုရင် ပြောချင်တာက ကျွန်တော် တို့တွေ သီချင်း စလုပ်က တည်းက ဒီမြူးဇစ်နဲ့ ပိုက်ဆံရှာမယ် ဆိုပြီးတော့ လုပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့ ဝါသနာပါလို့ လုပ်ခဲ့တာ။ အတိုင်းအတာ တစ်ခုအထိ ပရိသတ် အသိ အမှတ်ပြု တယ်။ အောင်မြင်လာတယ်။ အဲဒီမှာ ခိုးကူးရှိရှိ ၊မရှိရှိ၊ ပိုက်ဆံရခြင်း၊ မရခြင်း ဆိုတာထက် အနုပညာသမား ဆိုတဲ့ လူတန်းစားက တော့ ဒီအလုပ်ကို ဆက်လုပ်နေ မှာပါ ပဲ။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါ တယ်” လို့ ပြောပါတယ်။
ကျိုက်ဝိုင်းဘုရားလမ်းရှိ၊ Avenue 64 ဟိုတယ်မှာ guest service manager အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ စောညီညီကို နောက်ပိုင်းမှာ ဘယ်လို ပုံစံမျိုး နဲ့ မြင်တွေ့ရမလဲလို့ မေးကြည့်တော့ “ကျွန်တော် ဂီတလော ကထဲက ထွက်သွားတာ မဟုတ်ပါဘူး။ ဆက်ရှိနေဦးမှာပါ။ အလုပ်လုပ် တယ် ဆိုတာက ဒီအသက် အရွယ်မှာ ကျွန်တော့် မိဘက ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် နဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်တာကိုမြင်ချင်တဲ့ အတွက် အခုလို လုပ်တာပါ။ တကယ်လို့ အနုပညာ အလုပ် ဘာ တစ်ခု မှ မလုပ်ရတော့ဘူး ဆိုရင် ဘယ်လောက်ပဲ ပိုက်ဆံရရ ကျွန်တော် လုပ်မှာ မဟုတ်ဘူး”လို့ ရှင်းပြပါတယ်။
မျိုးမောင် @ Popular News Journal

0 comments:

Post a Comment

Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်

Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး