Feb 22, 2013

ကြော်ငြာ သရုပ်ဆောင်ရတာ အခက်အခဲ မရှိပါဘူး လို့ လွှမ်းပိုင် ပြော

Myanmar Hip Hop Artists,Myanmar Hip Hop News/Interviews
အခု လတ်တလော ရုပ်သံက လွှင့်နေတဲ့ Premier ကော်ဖီ ကြော်ငြာမှာ လူငယ်ဟစ်ဟော့ပ် အဆိုတော် လွှမ်းပိုင်က ပါဝင် သရုပ်ဆောင်ထား ပါတယ်။ ဒီကြော်ငြာက သူ့အတွက် ဒုတိယမြောက် ကြော်ငြာ ဖြစ်ပြီး ထက်ထက် (Bobby Soxer) နဲ့အတူ သရုပ်ဆောင်ထားတဲ့ လန်းဆန်း ခေါင်းကိုက် ပျောက်ဆေး ကြော်ငြာက တော့ ပထမဆုံး ကြော်ငြာလို့ သိရပါတယ်။ အခုနောက်ထပ်ကြော်ငြာ အသစ်တစ်ခု ဖြစ်တဲ့ Samsung Galaxy Y Phone  ကြော်ငြာကိုလည်း ထက်ထက် (Bobby Soxer) နဲ့ သရုပ်ဆောင် ထားတယ်လို့ သိရတာကြောင့် ကြော်ငြာသုံး၊ လေးခုလောက် ရိုက်ပြီးသွားပြီ ဖြစ်တဲ့ လွှမ်းပိုင်ကို ကြော်ငြာ သရုပ်ဆောင်မှုပိုင်း နဲ့ ကြော်ငြာ သီချင်း ရေး ပိုင်းတို့ကို မေးကြည့်တော့ “ကျွန်တော် သရုပ်ဆောင်ရတာ အခက်အခဲ မရှိပါဘူး။ သာမန် ပုံစံ အတိုင်းပဲ လုပ်ရတာ။ ခက်ခက်ခဲခဲ လုပ်စရာ မျိုးမပါဘူး။ ဒီအတိုင်း ပေါ့ပေါ့ ပါးပါးလေးပဲ။ ကြော်ငြာ သီချင်းရေးတဲ့ အပိုင်းကတော့ သူတို့ရဲ့ Product ကို မြင်အောင် ရေးပေးရတာပေါ့” လို့ ပြောပါတယ်။
“ဒုံးပျံ” အခွေကို ၃ လပိုင်းမှာ ထွက်ဖို့ ရှိပြီး အဲဒီအခွေ ကြာသွားတာ က သူ စိတ်တိုင်း ကျတဲ့ အထိ လုပ် နေရတာနဲ့ ပတ်သက်ပြီး “ကျွန်တော် တို့ရဲ့ ‘ဒုံးပျံ’ ဗီစီဒီ အခွေကို ၃လ ပိုင်းမှာ ထွက်ပါမယ်။ ကျွန်တော့်ဘက် ကတော့ တစ်ပုဒ်ပဲ ကျန်တော့တယ်။ ဒီတစ်ခါ လုပ်တာ ဘာကြောင့် ကြာသွားရသလဲ ဆိုတော့ ကျွန်တော် စိတ်တိုင်း မကျ မချင်း လုပ်နေရလို့ပါ။ ‘ဒုံးပျံ’ အခွေထဲက သီချင်း အပုဒ်တိုင်း နီးပါးက ကျွန်တော့်ရဲ့ အိုင်ဒီယာ တွေပါတယ်။ ဒါရိုက်တာတွေ က တော့ အကောင်းဆုံး ပုံဖော် ရိုက် ကူး ပေး ထားပါ တယ်။ ဒီ အခွေ ကို လုပ်တာ စိတ်ပိုင်း ဆိုင်ရာရော၊ ငွေကြေး ပိုင်းရော အကုန် အကျ များခဲ့တယ်။ စိတ်နှစ်ပြီး လုပ်ထား တဲ့အတွက် ပရိသတ်ကြီး ကို အားပေးစေ ချင် တယ်” လို့ လွှမ်းပိုင်က ပြောပါတယ်။

ယွန်းလင်္ကာ @ Popular News Journal

0 comments:

Post a Comment

Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်

Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး