Aug 20, 2012

Gfamily (God)




ဒေါင်းလော့ဆွဲရန်



(စာသားပါထည့်ပေးထားပါတယ်)
ရိုက်ကာချိုး..ကာရံတွေမိုက်တာမို့..မင်းမယုံရင်လိုက်သာပို့..မင်းမြင်ရင်ခိုက်မှာမို့..
ကြိုက်မှာမို့..မင်းရွေးစမ်း..မင်းရိုင်းရဲလား..ဆွဲထုတ်ပလိုက်မယ် ၀ိုင်းထဲက ..
မင်းခြေရာတွေကိုတိုင်းရဲလား...ငါမေးတာမင်းရဲ့အပိုင်းထဲမှာ..
မင်းအထူအပါးနားလည်ထားတော့..မင်းလူပါးမ၀နဲ့သွားတော့..
One Way တွေလာတော့ ပါးစပ်က ရွဲ့လို့သွား...Hip 2 ကိုတွေ့တော့ ခေါင်းတွေ
လှည့်လို့ထား...Snare လည်းမြင်ရော..မျက်နှာလေး က မဲ့ကာ သွား..ဒါဆို G Fam
ကို ခေါင်းထဲထည့်လို့ထား...

အဆိုးလားအကောင်းလားပြောပါ.3rd Generation နောက်မျောပါ...သီချင်းဆက်တိုက်
နားထောင်ရင်း ဟစ်ဟော့ က ပေးတဲ့ အရသာ...သိရှိခဲ့လို့ကူညီဆက်တိုက် လေးစားကြည်လိုမြဲ
ချာတိတ်တောင်ပြောင်းလဲလာပီ..ခုတော့..အရေးအသား ဒီလိုပဲ..Generation လည်းပြောင်းရော..
G Family အားလုံးပေါင်းရော..ခြေရာတွေတိုင်းလို့နှိုင်းလို့ဝိုင်းလို့သီချင်းနဲ့လာကာ Foul ရော...

(G Family..ဖနောင့်နဲ့ပေါက်ပီ...)

ခေါင်းကိုငုံ့ထားမမော့နဲ့..ချာတိတ် မင်းရဲ့ရှေ့မှာရောက်ပြီ...

a..ok .. G ဆိုတာ ဂျောကယ် မဟုတ်ဘူး.. GodFather ..ငါတို့ကိုစော်ကားတာ ၀ လို့
မင်းပျော်သွားလား..မင်းကိုလျှော်ထားတာ မကြိုက်လို့..၀ိုင်းပီးလှော်ရမလား..မင်းကိုမင်းသိတယ်..
မင်းနောက်ကလူတွေရဲ့အကျော်ဇယားများ...အံကြိတ်ကာရုန်း..အသံတိတ်ပါဦး..လူတိုင်းရဲ့မြန်တဲ့စိတ်က
အဆုံးသတ်မှာမို့..မင်းခေါင်းကိုမော့ဦး..မကြောက်နဲ့..ကန်တော့..လမ်းမှာဥာဏ်မရှိ မင်းကိုခေါ်စားရပြန်ပီ...
အရှေ့ကိုကျော်သွားလားပြန်ကြည့်..အဲ့ဒါ God Father Family ...

G Family ကိုမှတ်မိလား..မင်းကြိုက်ခဲ့ဘူးရင်အရှက်ရှိပါ..ကောင်းကင်ကို လက်နဲ့တက်ထိမလား..** တို့ပြောသလို
ရပ်ကြည့်သွား..G Fam တွေလာပီ..တချက်သတိထား...အာရုံနောက်ရင်သတ်မိမှာ..မြန်မာတွေချည်းပဲ ကပ္ပလီ မပါ...
flow တွေစပ်ကြည့် နတ္ထိသွား..ငါဘ၀ ငါဂီတ..ငါအသံနဲ့ထပ်တူ ငါရဲ့ဘ၀..မင်းကိုပစ်..မင်းကိုသတ်မယ်..G Fam တွေလာပီ
ထွက်ခဲ့..မင်း Fight ရဲလား..မင်းတိုက်ရဲလား..လမ်းဘေး က Rapper Micလည်းမပါ..မင်းဆိုဒ်နဲ့ကွာ ငိုက်လိုက်တာ..ပျင်းစရာကောင်းတယ်
လိုက်ခဲ့ကွာ...။

တကယ်ဆိုအဖြစ်အပျက်ကြားထဲက..အဆိပ်တတ်နေတဲ့သားကောင်လို..တခါတခါ ပြန်ရောင်ကာ ကြားယောင်လို့..
ငါနားထဲက ပွင့်ထွက်လာတဲ့အသံတွေက ခဏခဏ..နားမလည်တော့ဘူး...
ဒီထက်ပိုပီးတော့ မိုက်စရာမရှိ..ပေးချင်လည်းပေး လိုက်တာ ဘယ်သူမှမသိလည်း...
နေ့စဉ်နှင့်အမျှဖြစ်ပျက်နေတဲ့လောကကြီးကို..ဘယ်လိုမှမယုံနိုင်ကြီးပဲ
ဒီဇိုင်းတွေဂိုဏ်းတွေနောက်မှခွဲလေ...လက်ရှိအဖြစ်အပျက်ထဲက လွတ်အောင်ထွက်လေ..တားဆီးတွေများကြီးပဲ ကြမ်းတမ်းပစေ
ထိုးဖောက်မယ်..နောက်မဆုတ်တမ်း...ပီးတော့လည်း ငါတို့ရဲ့များလိုက်တဲ့ပြသနာ..မိုးလင်းမိုးချုပ် ပီးသွားလိုက်မယ် ခက်လား...
ငါမှာ ဆက်ရန်မရှိ..လမ်းမှန်မသိလို့..မေးကြည့်လိုက်တော့ ငါတို့၂ယောက်က ပြသနာ..

မင်းတို့ကြောင့် ဟစ်ဟော့ ရေစုန်မျောမှာ ငါရင်လေးတယ်..ဘယ်လောက်တောင်သိနေလဲ ညီလေး .. ငါအရင်မေးမယ်
NWA နားထောင်တုန်းက ဘယ်နေရာရောက်နေလဲ..99 ရက်ပါ ကြားထဲ ခြေရာပျောက်နေဆဲ..ငြင်းမရနေရာရောက်ခဲ့ S** Foul
တွေထုပီးတော့ သေမှာ ကြောက်မနေနဲ့..သေနတ်တော့ မရှိဘူး..၀ပ်စင်ပိတ်နဲ့သေချာစောင့်နေမယ်...အာရုံတော့လာမနောက်နဲ့
မျောလွင့်လို့ရောက်နေခဲ့..စိတ်လွတ်ကိုလွတ်သံစဉ်ကြားမှာမြောက်နေမယ်...

0 comments:

Post a Comment

Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်

Popular Posts

နယ်မြို့ လေးတွင်အသစ် တင်တိုင်း face book ပေါ်တွင်ဖတ်နိုင်ရန် like နှိပ်သွားပါဦး