ပွင့်ပွင့် လင်းလင်းနဲ့ အရာရာကို စူးစမ်း လေ့လာ ချင်ကြတာ လူငယ် တွေရဲ့စိတ်ကူးပါ။ ကိုယ့်ရင်ထဲက ဆန္ဒကို မမျိုသိပ် ထားဘဲ ဖွင့်ချပြီး စိတ်ကူးတွေကို အကောင်အထည် ဖော်ရာမှာ ဓားတောင်ကိုပဲ ကျော်ရမလား၊ မီးပင်လယ်ကိုပဲ ဖြတ်ရမလား ဆိုတာ သူတို့အရွယ် တွေပါပဲ။ မိစန္ဒီဆိုတဲ့ ကောင်မလေးကလည်း လူငယ်ပီပီ ကိုယ့်ရဲ့ ၀ါသနာကို မရအရ အကောင်အထည် ဖော်ခဲ့သူပါ။ ၀ါသနာ ပါလှတဲ့ ဂီတကို မိဘတွေ မသိအောင် ကြိုးစား လုပ်ဆောင်ရင်း ပရိသတ် သိအောင် လုပ်ပြ နိုင်ခဲ့သလို နောက်ဆုံးမှာတော့ သူမရဲ့ပြင်းထန်လှတဲ့ စိတ်ဆန္ဒကို မိဘတွေက အသိအမှတ် ပြုခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကစပြီး ဘိုဘို အင်တာတိန်းမန့်ရဲ့ဖျော်ဖြေပွဲတွေမှာ ပါဝင် သီဆိုရင်း အတွဲ တေးစီးရီးကို စခဲ့တဲ့ မိစန္ဒီက အခုဆိုရင် မိုနို ပိုလီ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးကို ထုတ်နိုင်ခဲ့ပါပြီ။ မိစန္ဒီက မိုနိုပိုလီကို ဗီစီဒီ အဖြစ် ထပ်မံ ထုတ်ဝေနိုင်အောင် ဆက်လက် ကြိုးစား နေတာပါ။ အရာရာတိုင်းမှာ ကိုယ်တိုင် လုပ်ရမှ ကျေနပ်တဲ့ မိစန္ဒီက သူ့ရဲ့ဗီစီဒီ အတွက်လည်း အရာရာမှာ ပါဝင် ကြိုးစား နေပါတယ်။ “ညီမက အတွဲခွေတုန်းကဆို ကိုယ်တိုင် ဒါရိုက်တာ လုပ်တာ။ ပထမဆုံး ရိုက်တုန်းကဆို တော်တော် မကောင်းဘူး။ နောက်ပိုင်းတော့ ရိုက်ရင်းနဲ့ ကောင်းလာတယ်။ MTV တွေ များများကြည့်တယ်။ ညီမက သီချင်းကို အဓိက ၀ါသနာကြီးပြီး ဒါရိုက်တာပိုင်းကို စိတ်ဝင်စားတယ်။ သူများ ရိုက်ကွင်းတွေကို ထမင်းမေ့ ဟင်းမေ့ သွားကြည့်ဖြစ်တာ။ ဒါရိုက်တာ အလုပ်ကို သရုပ်ဆောင် ရတာထက် ပိုစိတ်ဝင်စားတယ်”ဆိုတဲ့ မိစန္ဒီနဲ့ မိုနိုပိုလီ ဗီစီဒီ ရိုက်ကူးမှု အကြောင်းတွေ ပြောဖြစ်ခဲ့ကြပါတယ်။ ပရိသတ် စိတ်ဝင်စားမဲ့ မိစန္ဒီရဲ့တခြား အနုပညာ အကြောင်းတွေကိုလည်း မိစန္ဒီက သူမရဲ့ပရိသတ် အတွက် ခုလို ပြောပြခဲ့ပါတယ်။ ကိုယ့်ရဲ့ ဗီစီဒီ ဆန်းပြားဖို့ အတွက် ဒါရိုက်တာ ရွေးချယ်တဲ့ စိတ်ကူးလေးကို ပြောပါဦး။ ဒါရိုက်တာ အကြီးကြီးတွေ ဆိုတာထက် ညီမတို့နဲ့လည်း လုပ်ရကိုင်ရတာ အရမ်းကို အဆင်ပြေမယ်။ အခု လက်ရှိမှာလည်း လက်စောင်း ထက်နေတဲ့ ဒါရိုက်တာမျိုးပေါ့။ ဥပမာပြောရရင် ကိုဝင်းလွင်ထက်တို့ ကိုအောင်မြတ်တို့ပေါ့။ ဒါရိုက်တာ အကြီးကြီးတွေကျတော့ သူတို့မှာ အချိန် ဆိုတာ ရှိသေးတယ်။ သူတို့ကို စောင့်ရမယ်ဆိုရင်လည်း ကိုယ့်မှာက ကိုယ်ထွက်ချင်တဲ့ အချိန်ရှိတယ်။ ကိုယ်အားတဲ့ အချိန်ဆိုတာရှိတယ်။ အဲဒီနှစ်ခုကို ညှိရတာ သိပ်မဆင်မပြေဘူးပေါ့နော်။ အဲဒီလိုဆိုတော့ ကိုယ်နဲ့လည်း အဆင်ပြေမယ်။ ပွင့်ပွင့်လင်းလင်းလည်း ပြောလို့ရမယ်။ ဥပမာ သီချင်းတစ်ပုဒ်ကို ၈ သိန်းနဲ့ရအောင် ရိုက်ပေးပါ ဆိုရင် သူတို့ကလည်း သေချာ ချင့်ချိန်စဉ်းစားပေးမယ်။ ရိုက်နေရင်းနဲ့ ကုန်ကျစရိတ်တွေ တက်လာပြီဆိုရင် ဒါလေးကို ဒီလို ဖြုတ်ရမလား။ ဟိုလို လုပ်ရမလား ပြောလို့ရတယ်။ ဒါရိုက်တာ၊ ရှုတင် မန်နေဂျာ၊ ကင်မရာမင်း၊ ညီမတို့ ပေါင်းစဉ်းစားကြတာပေါ့။ Creation ပိုင်းလည်း အဲဒီလိုပဲ။ အခုနောက်ပိုင်း အဆိုတော်တွေက ဒါရိုက်တာတွေကို ပုံအပ်တာမျိုး မလုပ်ဘူး။ သူများတော့ မသိဘူး။ ညီမကတော့ မလုပ်ဘူး။ ကိုယ်လိုချင်တာ ကို သေချာပြတယ်။ နိုင်ငံခြား MTV ထဲက တစ်ကွက်စနှစ် ကွက်စကို ဒီလိုပုံစံ အတိုင်း မဟုတ်ပေမဲ့ ဒီလို ကာလာမျိုး နဲ့ရိုက်ချင်တယ် စသဖြင့် တိုင်ပင်ပြီး Story Board တွေ ဆွဲတယ်။ ဒီတော့ သမီးတို့ အတွက် အချိန်တွေလည်း မကုန်တော့ဘူး။ ကတ်တွေလည်း မပိုတော့ဘူး။ တစ်ခါ တလေလည်း ရှိပါတယ်။ ရိုက်ကွင်းရောက်တဲ့ အထိ အဆိုတော်က ဘာမှန်း မသိဘူး။ ဒါရိုက်တာ ပြောမှ ဘယ်လို လုပ်ထားတယ်ဆိုတာ သိတယ်။ ညီမကတော့ မဟုတ်ဘူး။ ညီမ လိုချင်တာ သူတို့ကို ပြောတယ်။ သူတို့ ကလည်း ညီမကို သူတို့ စဉ်းစားထားတာတွေ ပြတယ်။ အဲလို ရိုက်ကြတော့ သီချင်းက ကိုယ်လိုချင်တဲ့ အတိုင်း ထွက်တယ်။ ကိုယ့်ဗီစီဒီပဲဟာကို သူများချည်းပဲ ဖန်တီးလို့တော့ ဘယ်အဆင် ပြေပါ့မလဲ။ ကိုယ်ပိုင် တစ်ကိုယ်တော်ခွေမှာ ကိုယ်တိုင် သရုပ်ဆောင်၊ ကိုယ်တိုင် ဒါရိုက်တာ လုပ်လာကြတယ်။ သီချင်း MTV အတွက် ဒါရိုက်တာ တစ်ယောက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ မိစန္ဒီရဲ့အမြင် ဘယ်လိုရှိလဲ။ အရမ်း အရေးကြီးပါ တယ်။ သူက King of the MTV တစ်ခုလုံးပေါ့။ ဒါရိုက် တာက ကိုယ့်ဘက်ကို မငဲ့ဘူး ဆိုရင် ကုန်ကျစရိတ်ကို သူ ထည့်ချင်သလောက် ထည့်တော့မှာ။ ကောင်းဖို့အတွက် သူ ကြိုက်သလောက် သုံးမှာပဲ။ ဒါရိုက်တာ တစ်ယောက်က ပညာရည် မပြည့်ဝဘူး ဆိုရင်လည်း ပိုက်ဆံဘယ် လောက်ကုန်ကုန် သီချင်းကြီးက ကောင်းချင်မှ ကောင်းမှာပဲ။ သူက MTV တစ်ခုလုံး စာမှာ ရိုက်ကူးရေး အဖွဲ့ သားတွေကို Management လုပ်နိုင်တဲ့ဟာ ရှိတယ်။ မလုပ်နိုင်တာ ရှိတယ်။ တချို့ ရိုက်ကူးရေးအဖွဲ့သား တွေဆို အချောင်တွေ ခိုလို့၊ တချို့ကျတော့လည်း ရိုက်ကူးရေး အဖွဲ့သားတွေကိုပဲ ပိတ်ဟောက်နေ တော့ လုပ်ကြတာ စိတ်မပါ၊ စေတနာ မပါကြတော့ပြန် ဘူး။ ပြီးတော့ အဆိုတော်နဲ့ အပြန်အလှန်လေးစားမှုရှိတဲ့ သူလည်း ဖြစ်ရမှာပေါ့။ ပြီးတော့ ညီမတို့ လိုချင်တာက တခြား သူတို့လုပ်တာ တခြား။ Communication ကလည်း အရမ်း လွဲနေတယ်။ အဲဒါမျိုး တွေ မဖြစ်ရဘူးလေ။ ကိုဝင်း လွင်ထက်တို့ ကိုအောင်မြတ် တို့ဆို ပြောလိုက်တာနဲ့ နားလည်တယ်။ ဒါရိုက်တာက MTV မှာ ညီမ အထင်ပေါ့ နော်။ ၁၀၀% အရေးပါ တယ်။ သမီးတို့ အဆိုတော် ဘက်ကလည်း အရေး ပါနေတယ် ဆိုပေမဲ့ ဒါရိုက်တာ ကတော့ ငြေည ပေါ့။ ရိုက်ကူးရေးအဖွဲ့သားတွေ လိုက်မချိတ်နိုင်ဘူး။ ကင်မရာ ရှုထောင့်ကိုလည်း သူတို့ လောက် နားမလည်ဘူး။ Creation ပိုင်းမှာလည်း သူ က ၁၀၀% အရေးပါပါတယ်။ မိစနီ်္ဒတို့က လူငယ်ဆိုတော့ လူငယ် ဒါရိုက်တာကိုပဲ ရွေးကြမှာပဲ။ ဒီလိုရွေးတာမှာ လည်း ဘယ်လိုအရည် အချင်းရှိတဲ့ လူငယ်ဒါရိုက် တာကိုမှ ကိုယ့်သီချင်း အတွက် ယုံကြည်စိတ်ချပြီး ပုံအပ်မှာလဲ။ လက်ရှိ ညီမ လက်တွဲ လုပ်နေတဲ့ ဒါရိုက်တာတွေနဲ့ ပဲ ဥပမာပေးပြီး ပြောပြမယ်။ ကိုအောင်မြတ်ဆိုရင် စရိုက် တုန်းက လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်က ဒီလောက် လက်စောင်းမထက်သေးဘူး။ အခု နောက်ပိုင်း ရိုက်ရင်း၊ ရိုက်ရင်းနဲ့ အရမ်းကောင်းလာ တယ်။ သူ ရိုက်ထားတာတွေ လည်း ပြတယ်။ အရမ်းမိုက် တယ်ပေါ့နော်။ သူက Hip Hop ပုံစံနဲ့ဆို ပိုလိုက်မယ်လို့ ညီမတို့ စိတ်ထဲမှာ သတ်မှတ် လိုက်တယ်။ ညီမတို့ အခု လုပ်နေတဲ့ ဒါရိုက်တာတွေက ညီမတို့လိုပဲ တက်သစ်စ ဒါရိုက် တာတွေ။ ဒီတော့ အချင်းချင်း ယုံကြည်တယ်။ သူတို့ကို အဆို တော်ကြီးတွေက ယုံကြည်ချင်မှ ယုံကြည်မယ်။ ညီမတို့ အသိုင်း အ၀ိုင်းမှာက တွေ့နေကြရတာဆိုတော့ သူတို့ဘယ်လို လုပ်တာကိုလည်း အနီးကပ် တွေ့နေရတော့ သူတို့ ဘယ်လောက် ကြိုးစားတာကို မြင်နေရတယ်။ ကိုအောင်မြတ်ဆို အရင်က တခြားသူရဲ့ သီချင်းတွေ ရိုက်ပေးရင် သီချင်းကောင်းဖို့ အတွက် ဟိုအဆိုတော်က မတတ်နိုင်ရင် သူက စိုက်ပြီး ရိုက်ပေးတာ။ ညီမကတော့ ပြောထားတယ်။ ညီမကိုတော့ အဲလို လုပ်စရာ မလိုပါဘူးလို့။ အနုပညာကို တန်ဖိုးထားကြတာ။ ကိုဝင်းလွင်ထက် ဆိုရင်လည်း ရှုတင်မှာ ထမင်းတောင် မစားဘူး။ ညီမတို့ ထမင်း စားနေတဲ့ အချိန်မှာ ကင်မရာကြီးကိုပဲ ဘာတွေလိုလဲ ကြည့် နေတာ။ သူ့မိန်းမက ဘေးကနေ ထမင်းကို ခွံ့ပေးရတယ်။ ပိုက်ဆံဆိုတာ သူတို့အတွက် ဘာမှ မဟုတ်ဘူး အစ်မရယ်။ ဒါရိုက်တာကြေး မပေးလည်း ကျေနပ်တယ်။ တကယ့်ကို အနုပညာ သမားစစ်စစ်ပေါ့နော်။ အရမ်းကို စိတ်ချမ်းသာတယ်။ သူတို့ အရှေ့မှာ လုပ်ခဲ့တာတွေရော ညီမနဲ့ အတူ လုပ်နေတာတွေ ရော အားလုံးကို ယုံကြည်ပါတယ်။ ကိုဝင်းလွင်ထက်ဆိုရင် ဆိုတေး အခွေထဲမှာ ရိုက်ပေးထားတာလေးတွေက ဘိုဆန်တယ်။ ကြိုက်တယ်။ ဒါကြောင့် ယုံကြည်တယ်။ ဒီဘက်ခေတ်မှာစက်မှု၊ နည်းပညာတွေကလည်း အရမ်း တိုးတက်နေတယ်။ ကင်မရာတွေဆိုရင်လည်း တစ်ခေတ်နဲ့တစ် ခေတ် ပိုတိုးတက်ကောင်းမွန်တဲ့အရာတွေပဲ ထွက်ပေါ်လာနေ တယ်။ အဲဒီဘက်ပိုင်းမှာရော ကိုယ်တိုင် နားလည်အောင် လေ့လာထားတာလား။ အခု သမီး ဗီစီဒီမှာရိုက်နေတဲ့ 5 D MAX II ကရော ဘာအားသာချက်တွေရှိလဲ။ 5 D MAX II က အဓိကကတော့ ဓာတ်ပုံ ရိုက်တဲ့ ကင်မရာ။ ဒါပေမဲ့ သူက ဗီဒီယိုရိုက်ရင် HD Quality ထွက်တယ်။ နိုင်ငံ ခြားမှာလည်း ရိုက်နေကြပြီ။ ညီမက MAX III နဲ့တောင် ရိုက်ချင်တာ။ MAX III က အလင်းစုပ်ယူမှု အားကောင်းတယ်လို့ ကိုအောင်မြတ်က ပြောတယ်။ ညဘက်တွေဆို ပိုကောင်းတယ်။ ညီမတို့လည်း စက်မှုပိုင်းကို တော်တော်လေး သိနေပါပြီ။ လေ့လာ ထားတာပေါ့။ အခေါ်အဝေါ်တွေသာ အကုန် မသိတာ။ ဘာမီးလုံး ထွန်းရင် ဘာဖြစ်မယ် ဆိုတာမျိုး သိနေပြီ။ ကာလာ ချိန်တာက Edit လုပ်ရင် ပြန်ချိန်လို့ ရတယ် ဆိုပေမဲ့ မူရင်းမှာ မီးသုံးတာနဲ့လည်း ဆိုင်တယ်။ မီးများများ သုံးတာနဲ့ မီးမနိုင်တာမျိုးက အရမ်း သိသာတယ်။ တချို့ အဆိုတော်တွေ အနေနဲ့ တခြား အပိုင်းတွေ နားလည်ချင် နားလည်မယ်။ စက်မှုပိုင်းကို နားလည်တဲ့ အဆိုတော်ကတော့ နည်းပါတယ်။ ညီမဆို MTV ရိုက်တာလည်း များပြီ။ အခု ကိုယ့်အခွေမှာလည်း ၇ ပုဒ်၊ ၈ ပုဒ် လောက် ပြီးနေပြီ။ နားလည် သင့်သလောက် နားလည် နေပါပြီ။ ဒါပေမဲ့ ကိုယ့်ဟာကိုယ်တော့ မလုပ် ရဲသေးပါဘူး။ ပိုက်ဆံ အကုန် ခံပြီး မကောင်းတော့ ဘာ လုပ်ရမှာလဲ။ ကိုယ့်ဟာကိုယ် လျှောက်ရိုက်ပြီးတော့လေ။ နားလည်အောင်တော့ လုပ်ထား ရတာပေါ့။ ဒီနေ့ခေတ်မှာ အဆိုတော် တစ်ယောက် ဘယ်လောက် အဆိုကောင်းကောင်း သီချင်းကောင်းကောင်း သူ့ ပရိသတ်က Audio CD ထက် VCD ကိုပိုပြီး အား ပေး မျှော်လင့်တယ် ဆိုတာကို ညီမ လက်ခံလား။ လက်ခံပါတယ်။ ဒါ ကြောင့်လည်း ညီမ ဗီစီဒီကို အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေတာပါ။ ဒါဆိုရင် သီချင်းတစ် ပုဒ်စီ မဟုတ်ဘဲ မိုနိုပိုလီ တစ်ခွေလုံး အတွက် အကောင်းဆုံး ကြိုးစားနေမှု တွေကို သိချင်တယ်။ ဘယ်လို ထူးခြားမှုတွေနဲ့ ဆိုတာပေါ့။ ထူးထူးခြားခြားကတော့ အားလုံး ထူးထူးခြား ခြားပါပဲ။ ပိုက်ဆံလည်း ထူးထူးခြားခြား ကုန်တယ်။ ဟိုနေ့ကဆို တစ်ပုဒ်တည်း ရိုက်တာ ၁၂ သိန်းလောက် ကုန်သွားတယ်။ အဲဒီလောက် အထိ သမီး သုံးထားတယ်။ အဲဒီ သီချင်းက ကိုကိုလူဆိုး။ နှစ်ယောက် မရှိဘူး မှာလည်း ကုန်တယ်။ အဲဒီကုန်ကျစရိတ် မှာ ညီမရဲ့ အ၀တ်အစား၊ မိတ်ကပ်ဖိုး မပါသေးဘူး။ Dancer တွေ Actor တွေ အတွက်ပေါ့။ ဒါတောင် တချို့တွေက မေတ္တာနဲ့ ကူညီ ပေးကြတာ။ ဒါပေမဲ့ တစ်နေ့ လုံးဆိုတော့ အရမ်း အားနာလို့ တချို့ကိုတော့ ပေးလိုက် တယ်။ နှစ်ယောက်မရှိဘူးက မခိုင်ကြီး(ထွန်းအိÿာဗို) ဆိုထားတဲ့ သီချင်း။ အဲဒါကို ညီမက Hip Hop Version ပြန်လုပ်ထားတယ်။ အဲဒီ ပုံစံရအောင် ရိုက်တော့ ကုန်တာပေါ့။ ဒါပေမဲ့ အရမ်း ကောင်း တယ်။ အရမ်းကောင်းတယ်။ ဘယ်လိုကောင်းလဲ ဆိုတာတောင် ဘယ်လို ပြန်ပြောပြရ မှန်း မသိတော့ဘူး။ သီချင်း တစ်ပုဒ်ထဲမှာ ပုံစံ မျိုးစုံနဲ့ လုပ် ပြထားတာ။ ရိုက်နေရင်းနဲ့ ကိုအောင်မြတ်ကိုတောင် ပြော ဖြစ်တယ်။ ညီမတို့ ရိုက်တာ အရမ်း များနေပြီ။ ဘယ်လို ဆက်လုပ်ကြမှာလဲလို့။ ကိုကို လူဆိုး မှာက သီချင်း ၃ ပုဒ် လောက် လုပ်လို့ရတဲ့ Idea တွေလေ။ အဲဒါကို တစ်ပုဒ်တည်း ကောက်ထည့်လိုက် တာ။ ရိုက်လည်းပြီးရော ည ကျတော့ ညီမ အိပ်မပျော် တော့ဘူး။ (မိစန္ဒီက အခုမှ ရယ်နိုင်တဲ့ ပုံစံနဲ့ ဟက်ဟက် ပက်ပက်ရယ်နေပါတယ်) ဒါပေမဲ့ အရမ်းကို ကောင်းတဲ့ အတွက် ကျေနပ်တယ်။ ညီမ အဲဒီလို စေတနာထားပြီး လုပ် ထားတာပါ။ အဆိုတော် သူငယ်ချင်း အချင်းချင်းက မိစန္ဒီ နင်ပိုက်ဆံတွေ တော် တော်ပေါနေလား၊ ငါ့ကို ရိုက် ပေးမလားလို့။ ကိုဂျောက် ဂျက်ဆို ညီမကိုနောက်တယ်။ တချို့သီချင်းတွေဆို အရမ်းကို သုံးထားတယ်။ တွေ့ကြရ မှာပါ။ တချို့ကပြောကြ တယ်။ နင်ဒီလောက် သုံးပြီး ရိုက်ပြတာ ပရိသတ်က နား လည်ပါ့မလားပေါ့။ ပရိသတ် နားမလည်ရအောင် ဒီခေတ် ပရိသတ်က ငပိန်းလည်း မဟုတ်ဘူး။ နားလည်ကြမှာ ပါ။ ညီမ စေတနာကို သိကြ ရမှာပါ။ ညီမလည်း အရမ်း ချမ်းသာနေတာတော့ မဟုတ် ပါဘူး။ ဒါပေမဲ့ သူငယ်ချင်း တွေနဲ့ တစ်ရက်လျှောက် လည်ရင် ၅ သောင်းလောက် ကုန်တယ်။ ၂ ရက်ဆို ၁ သိန်း။ အဲဒါတွေကို မသုံး မစွဲဘဲ ဗီစီဒီမှာပဲ သုံးလိုက်မယ် ဆိုပြီး စုပြီး သုံးပစ်လိုက်တာ။ အဓိကက ညီမရဲ့ ပရိ သတ်အပေါ် ထားတဲ့ စေတနာ ပါပဲ။ ပရိသတ်လည်း သိမှာ ပါ။ ညီမက အရမ်းကြီးသုံးရ လောက်အောင်လည်း အရမ်း နာမည်ကြီးနေတဲ့ အဆိုတော် မဟုတ်ဘူး။ မိဘကလည်း ပိုက်ဆံ မရှိတဲ့ မိဘမဟုတ်ပေမဲ့ အရမ်း ချမ်းသာနေတဲ့ မိဘလည်း မဟုတ်ပြန်ပါဘူး။ ညီမသီချင်း တစ်ပုဒ်က အနည်းဆုံး ၆ သိန်းလောက် ကုန်တယ်။ ၆ သိန်းအောက် ဆင်းတဲ့ သီချင်း မပါဘူး။ဒါတောင် တော်တော် ချုံ့ထား တာပါ။ ညီမက သီချင်း တစ်ပုဒ်စီတိုင်းကို မတူအောင် ကွဲပြားအောင်လည်း လုပ်ပြ ထားပါတယ်။ ညီမကို ဘာဘီမလေးလို တွေ့ရမယ်၊ ပြီးရင် လူဆိုးမ၊ Dancer, ရှေးဟောင်းပုံစံ မျိုးစုံနဲ့ ၁၄ ပုဒ်စလုံးမှာ လုံးဝ မတူအောင် သေချာ လုပ်ထားပါတယ်။ ဖက်ရှင်ပိုင်းကတော့ ပြောမနေနဲ့တော့ပေါ့နော်။ ကိုကိုလူဆိုး တစ်ပုဒ်တည်းကို ၈ စုံ လဲထားတယ်။ ယောက်ယက်တွေကို ခတ်နေတာပဲ။ ဒါက တစ်ပုဒ်တည်းပဲ ရှိသေးတာနော်။ လက်ရှိ ဂီတ အခြေအနေအရ တတ်နိုင်သမျှ စရိတ်ချုံ့ပြီး စီးရီး Title လောက်ပဲ အကုန်သုံးပြီး ရိုက်လေ့ရှိတဲ့ အချိန်မှာ မိစန္ဒီက တစ်ခွေလုံးကို ပုံအောပြီး ပရိသတ်အတွက် စေတနာပြထားတာကို ငွေရေးကြေးရေး အနေနဲ့ပြန်ရဖို့ မှန်းထားမယ်တော့ မထင်ဘူး။ အနုပညာ ကျန်ဖို့ပဲ အဓိကလို့ ဆိုချင်တာလား။ ဟုတ်ကဲ့။ မမှန်းထားပါဘူး။ အရင်းလည်းကျေမှာ မဟုတ်ပါဘူး။ Audio CD မှာကတည်းက သေချာလုပ်ထားတာလေ။ Cover ကုန်ကျ စရိတ်နဲ့တင် ပြန်ရတဲ့ အမြတ်က သူများထက် ထက်ဝက် နည်းပါတယ်။ ခိုးကူးခွေ မ၀ယ်ဘဲ မူရင်းဝယ်တဲ့ သူတွေကို ကျေးဇူး တုံ့ပြန်တဲ့အနေနဲ့ လုပ်ခဲ့တာ။ Audio ရော VCD အတွက်ရော အရင်း တော်တော်ကြီးတယ်။ အဓိကကတော့ ညီမရဲ့ အနုပညာ အတိုင်း အတာ ပြန်ရဖို့ပဲ လိုချင်တယ်။ မိစန္ဒီက ဗီစီဒီကို ပစ်စလခတ် မလုပ်ထားပါဘူးဆိုတာ၊ နယ်ပရိသတ်မှ ရန်ကုန် ပရိသတ်မှ သိပါစေလို့ လုပ်ထားတာမျိုး မဟုတ်ဘူး ဆိုတာတွေကို ပရိသတ် သိသွားရင်ပဲ မိစန္ဒီက ကျေနပ်ပါပြီ။ မိစန္ဒီက အခုသရုပ်ဆောင်ဖို့ ကမ်းလှမ်းတာကို လက်ခံထားတယ် ဆိုတော့ သရုပ်ဆောင်မှုနဲ့ ပတ်သက်တဲ့ ခံစားမှုနဲ့ ဆက်လုပ်မဲ့ အနုပညာတွေကို ပြောပါဦး။ အမှန်အတိုင်းပြောရရင် သရုပ်ဆောင်ရတာ အရမ်း စိတ်ကျဉ်းကျပ်တယ်။ ကြော်ငြာတွေ ရိုက်နေရတော့ ဒိုင်ယာ လော့ခ်တွေ ပါလာရင် သေပြီပဲ။ ညီမတို့ အဆိုတော်တွေ အဓိကက ပဲမပေးတတ်တာ။ ပဲ မကျွေးတတ်ဘူး။ ညီမတို့က ဗီစီဒီရိုက်ပြီ ဆိုရင် Play Back သီချင်း ဖွင့်ထားရင် တကယ်လိုက်ဆိုတာ။ သီချင်း ရိုက်လည်း ပြီးရော အသံတွေလည်း ၀င်နေရော။ ကြော်ငြာ ရိုက်တော့ ပဲ အရမ်းပေးရတော့ စိတ်ကျဉ်းကျပ်တယ်။ ငိုချင်တယ်။ ကိုယ်လည်း မကျွမ်းကျင်တော့လေ။ ဒါပေမဲ့ တစ်နေ့ပါပဲ။ မနက်ပိုင်း ရိုက်ပြီး ညနေကျရင်တော့ Mood တွေ ၀င်လာပြီ။ နည်းနည်း သိလာပြီ။ အခုဆို မြန်မာ ကားတွေ ကြည့်နေရပြီ။ကြိုတင် လုပ်ထားရပြီ။ Myanmar Rapper and r&b singer Mi Sandi Mi Sandi ပထမဆုံး ဇာတ်ကား အတွက်ဆိုတော့ ပြင်ဆင် တယ်ဆိုတာမှာ ဘယ်လောက် အထိလဲ။ ကိုယ်တွဲရမဲ့ သူတွေကလည်း နာမည်ကြီးသရုပ်ဆောင်တွေဆိုတော့ ညီမကြောင့် တစ်ခုခုဖြစ်မှာ အချိန် ကြန့်ကြာမှာ အရမ်းကြောက်တယ်။ ညီမပဲ ခဏ ခဏ မှားပြီး ပြန်ရိုက်ရရင် မကောင်းဘူးလေ။ ရှုတင် စရိတ်ဆိုတာ နားလည်တယ်။ ဒါကြောင့် သေချာ လေ့လာ နေပါတယ်။ ဗီစီဒီမှာက ခပ်ပါးပါးပဲ သရုပ်ဆောင် ရတာ။ ကိုယ့်ပုံစံ မိစန္ဒီအတိုင်းပဲ ထွက်နေတယ်။ ကြော်ငြာတို့၊ ဇာတ်ကားတို့မှာကျတော့ မိစန္ဒီဆိုတာ မရှိတော့ဘူး။ အဲဒီထဲက ပုံအတိုင်း ထွက်နေရမယ်။ မင်းသမီးလို့ ကိုယ့်ကိုယ်ကိုယ် သဘောထားရ မယ်။ မိစန္ဒီ ဆိုတာ မရတော့ဘူး။ အဲဒီစိတ် ထားနိုင်ဖို့ ကြိုးစား ရဦးမယ်။ ဒါတောင်မှ ကိုယ်က အရမ်း ပိန်းတိန်းပြီး ကင်မရာ ကြောက်တဲ့အထဲမှာ မပါဘူး။ ဒါပေမဲ့ တကယ် ပြောရရင် သီချင်း ဆိုတာကိုပဲ ၀ါသနာ ပါတယ်။ သရုပ်ဆောင်တာက ကိုယ့်ကို ပရိသတ် မမေ့သွားအောင်ပါ။ ဒီလို ကမ်းလှမ်းကြတယ် ဆိုတာလည်း ပရိသတ်က ကိုယ့်ကို အဲဒီဘက်မှာမြင်ချင်ကြလို့ပဲ လို့ထင်လို့ လက်ခံဖြစ်တာပါ။ ဒီဇာတ်ကားကို အဆိုတော် ယုန်လေးက လာကမ်း လှမ်းလို့ယုန်လေး ဆိုပြီး လက်ခံဖြစ်တာလား။ ဇာတ်လမ်းကြောင့် လက်ခံဖြစ်တာလား။ Myanmar Rapper and r&b singer Mi Sandi Mi Sandi နှစ်ခုစလုံးကြောင့်ပေါ့။ ကိုယုန်လေးက ဇာတ်ညွှန်းသာမပေး သေးတာ ဇာတ်လမ်းကို အစအဆုံး သေချာလာရှင်းပြ သွားတာ။ ပြိုင်ကားတွေလည်း အများကြီး ပါမယ်။ Hip Hop အဆိုတော်တွေလည်း အများကြီး ပါမယ်တဲ့။ Action ပုံပေါ့။ အရမ်းချစ် ကြိုက်ပြီး နုရွနေတဲ့ ကားမျိုး မဟုတ်ဘူး။ ချစ်ရမယ်ဆို လည်း ညီမက ဖြစ်မှာ မဟုတ်ဘူး။ အဲဒီထဲက ကောင်မလေးက ဦးလူမင်းရဲ့ သမီး။ ဦးလူမင်းက လူဆိုး လည်းမဟုတ်၊ လူကောင်းလည်း မဟုတ်။ ကားလောကမှာ ဆရာကြီး။ ဒီတော့ ညီမကလည်း ဆရာမလေးပေါ့။ ဟော့ရှော့ ဒီဇိုင်းလေ။ ကောင်လေးတွေက ကိုယ့်ကို ရိသဲ့ သဲ့ လာလုပ်ရင် ဆွဲထိုးတာမျိုး ဆိုတော့ ကိုယ်လည်း အဲဒီ ဇာတ်ရုပ်ကို သဘောကျတယ်။ လုပ်လည်း အရမ်း လုပ်ကြည့် ချင်တယ်။ နောင်တစ်ချိန်တော့ မသိပေမဲ့ အခုအချိန်မှာက နုရွနေရင် လက်ခံချင်မှ လက်ခံဖြစ်မှာ။ စရိုက်ရိုက်ချင်းကားမှာပဲ ဦးလူမင်းလို ပရော်ဖက်ရှင်နယ် သရုပ်ဆောင်ကြီးနဲ့ တွဲသရုပ်ဆောင်ရမှာ ဆိုတော့ အရမ်း စိတ်ဝင်စားတယ်။ မြန်မာပြည်မှာ ပထမဆုံး ဇာတ်လမ်း ပုံစံမျိုးလည်းဖြစ်တော့ လက်ခံဖြစ်တာပါ။ အခုဆို မြန်မာကားတွေ ကြည့်ဖြစ်နေတယ်။ Over လုပ်တတ်လာအောင် လေ့ကျင့်နေတယ်။ ဒိုင်ယာလော့ခ်တွေ ကျင့်ဖြစ်နေတယ်။ ပထမဆုံး ဇာတ်ကား အတွက် ရင်ထဲမှာ ဘယ်လို ဖြစ်နေလဲ။ ခံစားမှုက အရမ်း ကြောက်တယ်။ စိတ်က ဖိစီး နေတယ်။ တော်သေးတယ်။ အခု ရိုက်ရက်ကို နောက်လ ရွှေ့ထားလို့။ အမေကဆို ရိုက် ရက်နီးလာရင်ဒုက္ခပါပဲ၊ နားငြီး လို့တဲ့။ ကြောက်လည်း ကြောက်တယ်။ ရင်လည်း ခုန်တယ်။ စိတ်လည်းဝင်စား တယ်။ စိတ်လည်း အရမ်း လှုပ်ရှားတယ်။ ဒါဆို သီချင်းတွေရော ရေးဖြစ်သေးရဲ့လား။ အဲဒီဘက် မရောက်ဘူး ဖြစ်နေတယ်။ တချို့ရက်တွေ ဆိုမှ ကျောင်းသွားမတက် တော့ဘဲ သီချင်းရေးဖြစ်တယ်။ တချို့အခွေတွေအတွက် သီချင်း ရေးဖို့ဆိုဖို့တွေရှိပြီး အကြွေး ဖြစ်နေတယ်။ သီချင်းရေးဖို့ ကလည်း Mood ပါမှ။ အရမ်း ဖျစ်ညှစ်ရေးလို့လည်းမရဘူး လေ။ သေချာနားပြီးမှရေးရ မှာ။ အခု စာမေးပွဲကလည်း လကုန်ရင် ဖြေရမယ်။ ဒါ ကြောင့်အခု ဗီစီဒီရိုက်ကူးမှု နားထားရတယ်။ သီချင်းတွေကိုရော ဘယ် အချိန်တွေမှာ ရေးလေ့ရှိလဲ။ အချိန် မသတ်မှတ်ထားဘူး။ အခု ညီမရဲ့ ပရိသတ်ကြိုက်တဲ့ သီချင်းတွေဆို ဘယ်အချိန်တွေမှာ ရေး ခဲ့တာလဲဆိုတော့ ကျောင်းတက်နေတဲ့ အချိန် ကျောင်းဖျက်ပြီး ရေးထားတဲ့ သီချင်းတွေ။ ရေခဲရိုက်အပြုံးထဲက ရက်ပင်တွေဆိုရင် စာမေးပွဲဖြေနေတဲ့အချိန်မှာ ရေးဖြစ်တာ။ ခံစားမှုပေါ်လာတဲ့ အချိန် ချက်ချင်းကောက်ရေး ဖြစ်တာ။ အာရုံစူးစိုက်မှုအား အကောင်းဆုံးအချိန်မှာ ရေး ဖြစ်တာ။ တစ်ခါတလေ ကျောင်းသွားဖို့ ပြင်ဆင်နေ တုန်း စိတ်ထဲမှာ မယ်လိုဒီတွေ ပေါ်လာရင် ချရေးလိုက်တာ ပဲ။ ညမှ နေ့မှဆိုပြီး မရှိဘူး။ ခံစားမှုတွေက ကိုယ်တွေ့တွေလား၊ မွေးယူတာလား။ ကိုယ်တွေ့ တော်တော်များပါတယ်။ သူငယ်ချင်းတွေ ကြားထဲ အဖြစ်အပျက်တွေလည်းပါတယ်။စကားလုံးတွေ ကတော့ ရင်ထဲမှာခံစားမှ ရေးလို့ရတာ။ ရေခဲရိုက်အပြုံး ဆိုရင် ညီမရဲ့တကယ့် အဖြစ်အပျက်လို့ပြောလို့ရတယ်။ Crazy သီချင်းကတော့လုပ်ယူထားတာ။ ညီမကတစ်ဖက် သတ်အချစ်ကို မခံစားဖူးဘူးဆိုတော့ လုပ်ယူကြည့်ထားတာ။ တချို့စကားလုံးတွေကတော့ ကိုယ့်စိတ်ထဲမှာဖြစ်ချင်တာကို မိစန္ဒီမဟုတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်အနေနဲ့ ရေးထားတာ။ စာဖတ်၊ ၀တ္ထုဖတ်ပြီးလည်း ကုန်ကြမ်းရှာတယ်။ မဟုတ်တောင် သွယ်ဝိုက်တဲ့ စကားလုံးတွေ သုံးထားတယ်။ အချစ်နဲ့ မကင်းတဲ့ ဒီအရွယ်မှာ မိစန္ဒီရဲ့အချစ်နဲ့ လက်ရှိ မိစန္ဒီရဲ့ဂီတ။ မိစန္ဒီလည်း အချစ်နဲ့မကင်းပါဘူး။ အချစ်မရှိဘဲ မနေတတ်တဲ့သူတွေမှာ ပါပါတယ်။ ဆိုလိုတာက ခံစားမှု မရှိဘဲမနေနိုင်တာပေါ့။ တစ်ခါတလေ အထီးကျန်တယ်လေ။ ညီမက သိပ်မရင့်ကျက်သေးပါဘူး။ ကလေးဆန်တယ်။ တစ်ခါတလေ ကိုယ့်ချစ်သူနဲ့ရန်ဖြစ်ပြီးရင် အလုပ်လုပ်ရတာ စိတ်မပါတာမျိုးပေါ့။ ငိုချင်နေတယ်။ ဟာတာတာကြီးကိုဖြစ်နေတာ။ ဘယ်လိုပြောရမှန်းမသိဘူး။ ကုန်ကြမ်းတွေလည်း ရတာပေါ့ အစ်မရယ်။ ဂီတကတော့ ငယ်ငယ်ကတည်းက ကိုယ်ဖြစ်ချင်နေတဲ့အရာ။ အရမ်း ရူးသွပ်တယ်။ ဂီတဆိုတာ လွတ်လပ်တယ်။ ပွင့်လင်းတယ်။ အချုပ်အနှောင်မရှိဘူး။ ကိုယ်ဖွင့်ပြချင်တာကို ဖွင့်ချပြလို့ရတဲ့အရာမျိုးလို့ ထင်တယ်။ ဒါကို နာမည်ကြီးချင်လို့ လုပ်ခဲ့တာမဟုတ်ဘူး။ အရမ်းကို ၀ါသနာပါလို့ပါ။ အိမ်က နောက်ပိုင်းမှ ပြောလို့မရလို့ ခွင့်ပြုခဲ့တာ။ တကယ်ဝါသနာပါလို့လုပ်ခဲ့တာ။ မိစန္ဒီက မိုနိုပိုလီ ဗီစီဒီကို ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင် အပြင်းအထန် ကြိုးစား ရိုက်ကူးနေပါတယ်။ တစ်ခွေလုံးမှာ လူငယ်စိတ်ကူး တွေကို အပီအပြင်ချပြနိုင်အောင် ဖန်တီးထားတာကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ မိစန္ဒီရဲ့ မိုနိုပိုလီ ကို သူမရဲ့ပရိသတ်ကလည်းကျေနပ်နိုင်ကြပါစေလို့ မိစနီ်္ဒအတွက် ရွှေအမြုတေက ဆုတောင်းပေးလိုက်ပါတယ်။ သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂)
Sep 29, 2012
Subscribe to:
Post Comments (Atom)
Popular Posts
-
No Song Title Download ၀၁ ြကယ်ေတွေြကွသွားသည့်တိုင် Download ၀၂ အခမ်းနားဆံုးအချစ် Download ၀၃ လွမ်းတဲ့စိတ် ...
-
New Me – Smile [ CD ] တစ်ပုဒ်ချင်း Download ရန်(Click Here ) Mediafire Link New Me – Smile [ CD ] ( Zip File ) Mediafire Link
-
Download From Mediafire ၂၀၁၃ ရဲ့ပထမဦးဆုံး အယ်ဘမ်အသစ်လေးပါ။ သီချင်းလေးတွေကတော့ အရမ်းကောင်းပေါ့... အသစ်လေးဆိုတော့ အများလဲ နားဆင်နိ...
-
Download with MediaFire , Hulkshare Song Name - နတ်သမီးလေး Artist - Kyal Sin & Mc Phyo Lyric - ဖိုးလ...
-
Posted by KyawZin Hein 1. Intro 2. Lyrical Cypher(UOB-13) 3. တို့နှစ်ယောက်အကြောင်း(Ft-ဟန်ရဲဇော်) 4. မြတ်နိုးယုယချင်တယ် ...
-
အစိုင်း(BlackHole)- သစ္စာ [CD ] Mediafire Download Link အစိုင်း(BlackHole)- သစ္စာ [CD ] Dropbox Download Link
-
Song Name - Lonely Valentine Lyrics & Vocal - Moe Zac Vs Mg Sai Nyii , Khant Lin , Capital H Mic Beat - Sai Nyii ( Strike...















Myanmar Kyat Converter
0 comments:
Post a Comment
Download လင့်ခ်များပျက်နေပါ ကျေးဇူးပြုပြီး Comment များပေးသွားကြပါရန်