“မန္တလေးမြို့သေဆုံးခြင်း” ကဲ့သို့သော တမူထူးခြားသည့် တေးသီချင်းများ ဖန်တီးသီဆိုခဲ့သူ မန္တလေးသား တေးရေးတေးဆို အဆိုတော်”လင်းလင်း”
ရဲ့ တတိယတစ်ကိုယ်တော်စီးရီးဖြစ်တဲ့ “သံမဏိလိပ်ပြာ” အမည်ရှိ တေးစီးရီးသစ်ဟာ ဇူလိုင်လ
၁၉ ရက်၊ အာဇာနည်နေ့မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
လင်းလင်း၏ တေးစီးရီးသစ်တွင် သံမဏိလိပ်ပြာ၊အိပ်မက်ထဲကစစ်သားကြီး၊တန်ဖိုးများနဲ့လူ
အစရှိတဲ့ သီချင်းများ အပါအဝင် သီချင်း ၁၀ ပုဒ် ပါဝင်ပါတယ်။ စစ်ကိုဆန့်ကျင်တဲ့ အကြောင်းတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ အမြင်တွေကို
ရေးဖွဲ့ထားတဲ့ သီချင်းများလည်း ပါဝင်မှာဖြစ်ပါတယ်။Bonus Track အဖြစ် “ Death of
Mandalay” ဆိုတဲ့ “မန္တလေးမြို့သေဆုံးခြင်း” သီချင်းကို
အခွေမှာ ထပ်မံ ထည့်သွင်းပေးထားပါတယ်။
စီးရီးမိတ်ဆက်ပွဲကို ဇူလိုင်
၉ ရက်က ယခင် City Star ဟိုတယ်မှာ ကျင်းပခဲ့ပြီး ဒီစီးရီးရဲ့ထူးခြားမှုတစ်ခုက Album စသွင်းကတည်းက
ဇူလိုင် ၁၉ ရက်မှာ ထွက်ဖို့ ရည်ရွယ်ထားခဲ့တဲ့အတိုင်း တကယ်ထွက်ဖြစ်သွားပါတယ်လို့ သိရပါတယ်။
Title Song ဖြစ်တဲ့ “သံမဏိလိပ်ပြာ”
သီချင်းဟာ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် "အလုပ်တွေကို မပင်မပန်းနဲ့ ကိုယ်ကျိုးမဖက်လုပ်ပြီး
အသက်၂၀ ကျော်အရွယ်အပြုံးနဲ့ အမေ တစ်ယောက်ကို ရည်ညွှန်းထားတာဖြစ်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။
ယခုတေးစီးရီးကို Dream Lover တီးဝိုင်းနဲ့ တီးခတ်ထားပြီး ဘိုဘို အင်တာတိန်းမန့် က ဇူလိုင်
၁၉ ရက်နေ့မှာ ဖြန့်ချီမှာ ဖြစ်ပါတယ်။



အခုလောလောဆယ်တော့ တစ်ပုဒ်ပဲတင်ပေးထားပါအုံးမယ်နော် . . .. . နောက်မှ အေးဆေးပေါ့နော်....ဟိဟိ
လင်းလင်း -သံမဏီလိပ်ပြာ
Download : Mediafire
Download : BOX







လင်းလင်း(သံမဏိလိပ်ပြာ)download လုပ်ချင်လို့ခင်ဗျာ
ReplyDeleteဟုတ်ကဲ့ တင်ပေးပါ့မယ် မတင်ရသေးလို့ပါ 19 ရက်နေ့မှ ထွက်မှာမို့လို့ပါ
ReplyDelete